ပြတင်းပေါက်
လတ်ဆတ်တယ်ထင်ရတဲ့
လေတချို့ဝင်လာတတ်တယ်။
အတင်းအကျပ်နိုးတတ်ပေမဲ့-
နေခြည်နွေးနွေး
ဟိုးခပ်ဝေးဝေးဆီက
တိမ်ပြာပြာလေးတွေတောင်
ညို့ ပြီးခေါ်လာတတ်သေးတယ်။
ဘောင်ခတ်ပြီးကြည့်ခွင့်ပေးတယ်-
အင်း..လောကကြီးက
အကျဉ်းသားတယောက်ဆိုပြီးပြန်ကြည့်တယ်။
ခြောက်ခြားစရာကောင်းလောက်တဲ့
အမှောင်ထဲမှာပြစ်ထားဘူးခဲ့။
ကျနော့်ကိုထားခဲ့ရရင်-
ငါဟာအဲ့ဒီနေရာကပဲဖြတ်ပြီးထွက်သွားချင်သေးရဲ့။
ပေါ့ပေါ့လေးနဲ့။
|