ထကြတော့ဟ…. အစာငတ် တော့မဲ့ နှံကောင်များ..။
ကြယ်တွေထပ်ကြွေကျ လာရင်တောင်မှ ပင်လယ်သေ ဆိုတဲ့ကောင်က ဘာတတ်နိုင် တော့မှာလည်း တမင်တကာ ဖီးလိမ်းပြင်ဆင်ထားတဲ့ ပရောဖက်ရှင်နယ် ပိုက်ကွန်တစ်ခု ရေထဲကို လွှားခနဲ ခုန်ချသွားတာ တွေ့ဘူးလား။ အဲ့ဒါ ကျနော်မဟုတ်ပါဘူး။ ကောင်းကင်နဲ့မြေကြီး နှစ်ခုအကြား ဘယ်ကို ရွေ့လျားခွင့်ရမလည်း စောင့်နေတုန်း.. နေဦး.. ဇော်ကန့်လန့် ဆိုတဲ့ကောင် ခင်ဗျားတို့လည်း ကြားဘူးမှာပေါ့..။
ဗျာ.. ကြယ်တွေ ပင်လယ်တွေ ကောင်းကင်တွေ ဒီရေတွေ လမင်းတွေထဲက ရုန်းမထွက်ကြတော့ဘူး ဟုတ်လား။ ခေတ်အမှီလိုက်ကြည့်ရမှာလား။ ဟို ကြည်လင်လှပသော သတ္တုရဲ့ မြစ်ဖျားက မျှောပါလာတဲ့ ခရမ်းလွန်ရောင်ခြည်ရောင် ထနေတဲ့ ချွှန်မြမြနဲ့ကောင်က အချစ်လား။ အဲ့ဒီအပေါ်က ချိုမြလှတဲ့ ပျားရေစက်တွေကို နယူထရွန် နည်းပညာနဲ့ ဓါတ်ခွဲကြည့်လိုက်တော့ အဲ့မှာ ပါဝင်တဲ့ အားဆင်းနိတ် ရာခိုင်နှုန်းက စကြာဝဠာ ဘယ်နှတတိုင်းအထိ ပို့နိုင်ခဲ့သလည်း.။ အဲ့လိုလား။ ဒါမှမဟုတ်.
အရွယ်ရောက်လာတဲ့ အေအိုင်ချစ်ပ် တခုဟာ နှလုံးသားနုတဲ့ စက်ရုပ်တွေ ဖန်တီးထုတ်လုပ် လိုက်တယ်။ နှစ်ဆယ့်လေးရာစုရဲ့ အနုပညာ နတ်ဘုရားမ ဟာ စက်ရုပ်ပေါ့။ အလုပ်တွေနဲ့ရှုပ်နေတဲ့ လူတွေကတော့ ဒီစက်ရုပ်တွေ တော်တော်အား နေလားမသိဘူး ကဗျာတွေ ဘာတွေတောင် ရေးလို့ လို့ပြောကြ သတဲ့။ အေးတာပဲ။ ဆိုရင်ကော။
ခင်ဗျားတို့ကော ဝေါဟာရ ဖက်ရှင်ရှိုးတခု ရောက်ခဲ့သေးလား။ ဘုရားသခင် ကြွေအံကစားခဲ့သလား မကစားဘူးလားဆိုတာ အိုင်းစတိုင်းနဲ့ ငြင်းဦးမှာလား ခေးအော့ဒ်က အဲ့ဒီမှာ ဂွင်တဲ့သွားပြီလား။ နောဧသင်္ဘောကြီး အကြောင်းပြောပြဦးမှာလား။ ဟို. ချဉ်ချဉ်တူးတူး ဆွဲဆိတ် ကိုင်လှုပ် ပြစ်ချင်စရာ ကောင်းတဲ့ အဲ့ဒီကောင်မစုတ် ကလေးက ခင်ဗျားအိပ်မက်တွေ ခိုးသွားပြန်ပြီလား။ ဗုံသံတွေကြားလို့ ထပ်ကကြ ပြန်ပြီလား။ အရှေ့မြို့ရိုးမှာကော ရာသီဥတု သာသာယာယာရှိနေတုန်း မိုးခဏခဏရွာသလား။ မုတ်သုန်လေကော အားကောင်းတုန်းလား။ ရွာရန်ရာနှုန်း ဘယ်လောက်လည်း။ ခုနှစ်ဆယ့်ငါးပိဿာ ရာခိုင်နှုန်းလား။ ဒါဆို ရော့တစ်ကျပ် ပိုငွေပြန်မအမ်းနဲ့ ပြားရှစ်ဆယ်ဖိုးပေး ဆိုပြီး ၀ယ်ဦးမှာလား။ ကျနော့်အိပ်ထဲက အသုံးမကျကြသော ပိုင်ဆိုင်မှုများ ကို နာမည်တတ်ပြီး စနစ်တကျ ထပ်ထုတ်ပြလိုက်ရမလား။ ဒါမှမဟုတ် ဟား ဟား ဟား လို့ ရီပစ်လိုက်ရဦးမလား။ စိတ်ကူးသစ် ဘောင်းဘီသစ် အဲ အဲ့ဒီအကီင်္ျသစ်ကို ညစ်ညစ်ချလိုက်တာ မဲပြာနေတဲ့အရေတွေ တစက်စက် ကျခဲ့ရောလား။ ဖူးးးးးးး။ ဆိုင်းပုဒ်တွေ ပတ်ရှောင်နေရတာ တော်တော်ပင်ပန်းတယ် လို့ကောမထင်မိဘူးလား။ အနုပညာကိုဖန်တီးရန် လေးစား လိုက်နာသင့်သော ဥပဒေများ ဆိုတဲ့ ကျမ်းစာအုပ် ထွက်ဘူးသလား။ ၀တ်မှုန်ကို ခံစားချက်သက်သက်နဲ့ ကူးစက်ခွင့် မရှိတော့ဘူးလား။ မသိသာဘူးလား။ နည်းနည်းလေးမှ မသိသာဘူးလား။ နည်း နည်း လေး မ ကို မ သိ သာ တော့ ဘူး လား။ လူ့အဖွဲ့စီးနဲ့ ကင်းကွာသော မင်းမဲ့ဝါဒီတွေ ဆိုးသွမ်း လိုင်စင်ရတွေကော ပေါများလာပါသလား။
ကဲ. ပုရွက်ဆိတ်လေးများ လို မစဉ်းစားပဲ သီချင်းများနဲ့ က.. (ထ.. ကြွ.. ပြီးတော့ ထ.. က) ဟိုးရှေ့က ပိတ်ဆို့ခြင်းဆိုင်းပုဒ်တွေဖယ်ကြ ဒီ လမ်းကြော ပေါ်မှာ စိတ်ထင်တိုင်း နဲ့ စိတ်ဆင်ရိုင်းကို ကကြိုးဆင် အဆိုးမြင်မြင် တစ်မျိုးမြင်မြင် နှစ်မျိုးပဲမြင်မြင် ထင်ချင်သလိုသာထင် အဆင်အခြင်နည်းတယ်ဆိုလည်း.. ငါ့ယာဉ်ပျံပေါ်မှာတော့ ငါဟာ အရှင်သခင်ပဲ.. ကဲ…… ဆက်ဆွဲ…။ အမယ် ရွတ်လို့တော့ကောင်းသား. ဒါကို လမ်းဘေးကာရံလို့ ခေါ်လို့ရလား.. ခေါ်ချင်လား.. ဒါမှမဟုတ် ဟစ်ဟော့သီချင်းများလား. ဟိုက်ရှားပါး.. အဲ့ဒီဟာက ပညာရှိနည်းနဲ့ ဆဲဆိုဘို့ မဟုတ်ဘူးတဲ့လား။
အင်း… ခိုင်မြဲ(အလင်းမြစ်)ရဲ့ ကဗျာတစ်ပုဒ် ဖတ်ဘူးတယ် သရေကွင်းတစ်ခုရဲ့ တွန်းထိုးရုံးကန်ခဲ့ခြင်းဟာ သူ့ဌာနေကို သူ ပြန်ရောက်သွားဘို့ သက်သက်ပါပဲတဲ့။
အဲ့လိုပါ..
အဲ့ဒီ နေရာရောက်တော့မှ အဲ့ဒီ အနုပညာဆိုတဲ့ကောင်ဟာ ဘာအတွက်မှ မဟုတ်ဘူး ဆိုတဲ့အကြောင်း ပြောနိုင်တော့မယ် ထင်တာပဲ။ ရေဒီယိုကမာရွတ်.. ရေ. အလည်လာတဲ့… တနယ်ရပ်သားမို့ ခွင့်လွတ်ပါ..။ ဒါနဲ့.. စကားမစပ်.. စတန့်ထွင်ထားသော စာများဒီနေရာတွင်ပြီး၏ လို့ ကျွှန်တော် စာတန်းထိုးပေးခဲ့ ရဦးမလား…..။
Tesla
ဗျာ.. ကြယ်တွေ ပင်လယ်တွေ ကောင်းကင်တွေ ဒီရေတွေ လမင်းတွေထဲက ရုန်းမထွက်ကြတော့ဘူး ဟုတ်လား။ ခေတ်အမှီလိုက်ကြည့်ရမှာလား။ ဟို ကြည်လင်လှပသော သတ္တုရဲ့ မြစ်ဖျားက မျှောပါလာတဲ့ ခရမ်းလွန်ရောင်ခြည်ရောင် ထနေတဲ့ ချွှန်မြမြနဲ့ကောင်က အချစ်လား။ အဲ့ဒီအပေါ်က ချိုမြလှတဲ့ ပျားရေစက်တွေကို နယူထရွန် နည်းပညာနဲ့ ဓါတ်ခွဲကြည့်လိုက်တော့ အဲ့မှာ ပါဝင်တဲ့ အားဆင်းနိတ် ရာခိုင်နှုန်းက စကြာဝဠာ ဘယ်နှတတိုင်းအထိ ပို့နိုင်ခဲ့သလည်း.။ အဲ့လိုလား။ ဒါမှမဟုတ်.
အရွယ်ရောက်လာတဲ့ အေအိုင်ချစ်ပ် တခုဟာ နှလုံးသားနုတဲ့ စက်ရုပ်တွေ ဖန်တီးထုတ်လုပ် လိုက်တယ်။ နှစ်ဆယ့်လေးရာစုရဲ့ အနုပညာ နတ်ဘုရားမ ဟာ စက်ရုပ်ပေါ့။ အလုပ်တွေနဲ့ရှုပ်နေတဲ့ လူတွေကတော့ ဒီစက်ရုပ်တွေ တော်တော်အား နေလားမသိဘူး ကဗျာတွေ ဘာတွေတောင် ရေးလို့ လို့ပြောကြ သတဲ့။ အေးတာပဲ။ ဆိုရင်ကော။
ခင်ဗျားတို့ကော ဝေါဟာရ ဖက်ရှင်ရှိုးတခု ရောက်ခဲ့သေးလား။ ဘုရားသခင် ကြွေအံကစားခဲ့သလား မကစားဘူးလားဆိုတာ အိုင်းစတိုင်းနဲ့ ငြင်းဦးမှာလား ခေးအော့ဒ်က အဲ့ဒီမှာ ဂွင်တဲ့သွားပြီလား။ နောဧသင်္ဘောကြီး အကြောင်းပြောပြဦးမှာလား။ ဟို. ချဉ်ချဉ်တူးတူး ဆွဲဆိတ် ကိုင်လှုပ် ပြစ်ချင်စရာ ကောင်းတဲ့ အဲ့ဒီကောင်မစုတ် ကလေးက ခင်ဗျားအိပ်မက်တွေ ခိုးသွားပြန်ပြီလား။ ဗုံသံတွေကြားလို့ ထပ်ကကြ ပြန်ပြီလား။ အရှေ့မြို့ရိုးမှာကော ရာသီဥတု သာသာယာယာရှိနေတုန်း မိုးခဏခဏရွာသလား။ မုတ်သုန်လေကော အားကောင်းတုန်းလား။ ရွာရန်ရာနှုန်း ဘယ်လောက်လည်း။ ခုနှစ်ဆယ့်ငါးပိဿာ ရာခိုင်နှုန်းလား။ ဒါဆို ရော့တစ်ကျပ် ပိုငွေပြန်မအမ်းနဲ့ ပြားရှစ်ဆယ်ဖိုးပေး ဆိုပြီး ၀ယ်ဦးမှာလား။ ကျနော့်အိပ်ထဲက အသုံးမကျကြသော ပိုင်ဆိုင်မှုများ ကို နာမည်တတ်ပြီး စနစ်တကျ ထပ်ထုတ်ပြလိုက်ရမလား။ ဒါမှမဟုတ် ဟား ဟား ဟား လို့ ရီပစ်လိုက်ရဦးမလား။
ကဲ. ပုရွက်ဆိတ်လေးများ လို မစဉ်းစားပဲ သီချင်းများနဲ့ က.. (ထ.. ကြွ.. ပြီးတော့ ထ.. က) ဟိုးရှေ့က ပိတ်ဆို့ခြင်းဆိုင်းပုဒ်တွေဖယ်ကြ ဒီ လမ်းကြော ပေါ်မှာ စိတ်ထင်တိုင်း နဲ့ စိတ်ဆင်ရိုင်းကို ကကြိုးဆင် အဆိုးမြင်မြင် တစ်မျိုးမြင်မြင် နှစ်မျိုးပဲမြင်မြင် ထင်ချင်သလိုသာထင် အဆင်အခြင်နည်းတယ်ဆိုလည်း.. ငါ့ယာဉ်ပျံပေါ်မှာတော့ ငါဟာ အရှင်သခင်ပဲ.. ကဲ…… ဆက်ဆွဲ…။ အမယ် ရွတ်လို့တော့ကောင်းသား. ဒါကို လမ်းဘေးကာရံလို့ ခေါ်လို့ရလား.. ခေါ်ချင်လား.. ဒါမှမဟုတ် ဟစ်ဟော့သီချင်းများလား.