Wednesday, October 22, 2008

Tuesday, October 07, 2008

Simple Life


တခါတလေမှာ.. တယောက်ထဲနဲ့…
တနေကုန် စုံချည်ဆန်ချည် လှုပ်ကြနေ..
ငါ. လေ. ရှေ့ဆက်ရမဲ့. မနက်ဖြန်.. အား. အသစ်… ရချင်သေး…။

နေရောင်ခြည်.. မဟုတ်လည်းပဲ..
ကြယ်စင်လောက်တော့ ငါ့ရဲ့လက်တကမ်းတွေ့..
ကိုယ်တတ်စွမ်းသလောက် အလင်းရောင် အနွေးဓါတ် ပေးခဲ့တယ်…။

ရွှေ.. ငွေ နဲ့ ဂုဏ်သိမ်ဒြပ်တို့..
မရှိ လည်း. နေနိုင်ပါတယ် တသက်လုံး.
အလိုအပ်ဆုံးက ဘ၀ကို အရိုးသားဆုံး နေဘို့..။
နာရီစက္ကန့်.. များက ရှားပါးလွန်းတယ် ကိုယ့်ဘ၀ကို စိတ်ကြိုက်နေလိုက်…
ရိုးစင်းလွန်းတဲ့ ဘ၀က အကောင်းဆုံးမို့….။

ညက ကိုမျက်လုံးကို Online တွေ့တော့ ကိုမျက်လုံးရေ.. မရိုမသေ.. မြန်မာတစ်ပုလင်းလောက် Attached လုပ်ပြီး ပို့.. စမ်းပါဗျာ..။ ဆိုတော့.. မြန်မာဘီယာက အရောင်းပျိုဖြူမလေးတွေလိုပဲ သွက်သွက်လက်လက်နဲ့ . ဟုတ်ကဲ့ အစ်ကို ခဏလေးစောင့် ဆိုပြီး MyanmarBeer ကို ရသေ့စိတ်ဖြေ ဆိုပြီး ပေးတာ..။ အဲ့ဒီမှာ.. အပေါ်က မျိုးကြီး သီချင်းလေးကို သွားတွေ့တယ်.။ တစွန်းတစ ကြားဘူးနေပေမဲ့ သေသေချာချာ နားမထောင်ဘူးသေးဘူး.။ ညကတော့ အလွှမ်းတွေ ထပ်ပေါင်းပြီး ခံစားချက်ကြီးနဲ့ နားထောင်မိတော့. အလာလာ.. ခိုက်သည်.. ပေါ့.။

“ နေရောင်ခြည်.. မဟုတ်လည်းပဲ..
ကြယ်စင်လောက်တော့ ငါ့ရဲ့လက်တကမ်းတွေ့.. “

အဲ့.. နေရာကတော့ အကြွှေဆုံးပဲ.။ ရေးတဲ့သူက ဘယ်သူလည်းတော့ မသိပါဘူး.။ မြန်မာဘီယာ ရဲ့ Marketerတို့ကလည်း တော်ရှာပါပေတယ်..။ ဘီယာသမားတွေရဲ့ အသည်းနှလုံး ကို ဘယ်လိုညို့ယူရမယ် ဆိုတာသိတယ်..။ သီချင်းလေး နားထောင် ချင်ရင်တော့ အဲ့ဆိုဒ် မှာရှိပါတယ်..။ ဒါတင်ပဲလား… ဆိုတော့လည်း.. မကသေးဗျ… ပိုစတာလေးတွေလည်း ရှိသေးတာ. ကျနော်ကတော့.. အဲ့ဒီ ပိုစတာ ကို စိုက်ပြီး တွေတွေကြီး ထိုင်ကြည့်နေတာ မျက်တောင်မခတ်မိတာ ငါးမိနစ်လောက်ထင်တာပဲ..။ ဟီး.။ ဘာရယ်မဟုတ်ပါဘူး.. လွှမ်းလို့ပါ မြန်မာဘီယာ.. ရယ်.။

အလိုအပ်ဆုံးက ဘ၀ကို အရိုးသားဆုံး နေဘို့..
Tesla

 
Online -------> hits