သြဂတ်စ် ၁၃ အနုတ် ဇွန် ၂၃ ဆိုတော့ ပို့စ်မတင်တာ တော်တော် တောင် ကြာသွားပေါ့..။ အဲ အဲ သိပါတယ် … လာလည်တဲ့ သူတွေ ကို အားနာဦးလို့ ပြောမဲ့ စကားတွေကို လည်း ခဏခဏ ကြားမိပါတယ် … အသစ်ရောက်ဘူးတဲ့ လူတွေကလည်း အိုး မိုင် ဘလော့ ရေးတဲ့ကောင်က သူ့ဟာသူ စိတ်ကူးပေါက်ရင် ရေးတယ် မပေါက်ရင် မရေးဘူး သူ့စိတ်ကြိုက်ကြီးပဲ.. လာလည်တဲ့သူတွေကို နည်းနည်းမှ အလေးအနက်မထားဘူး. မရေးသေးရင်လည်း. မရေးသေးဘူး ပြောထားပါလား… စာလေးတကြောင်း နှစ်ကြောင်းလောက် ရေးရယုံလေးကို.. လာတဲ့သူတွေကို လေးစားမှုတို့ အားနာမှုတို့ လောက်တော့ ပြသင့်တာပေါ့ … တို့ ဘာတို့ ပေါ့လေ.. အဲ့လို စဉ်းစားကြမယ် ဆိုတာ သဘောပေါက်ပါတယ်.။ အမှန်ကတော့ ဒီလိုပါ.. အဟမ်း. အဟမ်း. ဟိုး.. အပေါ်က အိုး မိုင် ဘလော့ ၏ ပါဝင် ပစ္စည်း များ ကို ဖတ်ကြည့်လိုက်ရင် ရာခိုင်နှုန်း အများ ဆုံး ပါဝင်တဲ့ အတ္တ ဆိုတဲ့ ခံစားချက်ကို လက်တွေ့ခံစား လို့ ရအောင် ကျနော့်မှာ စာတွေတင်ချင်သော်လည်း အောင့်အီး ပြီး မရေးပဲ.. လက်တွေ့ သရုပ်ပြသနေ ရခြင်း ဖြစ်ပါတယ်..။ သေချာတယ်မလား ဒီကြားထဲ တစ်ခေါက်ထက်ပိုပြီး ရောက်လာတဲ့ သူတွေဟာ တက်စလာ ဆိုတဲ့ကောင် တော်တော် ဆိုးတယ် သူလုပ်ချင်တာပဲ သူလုပ်တယ် လာလည်တဲ့ လူကို အရူးဖြစ်ရော ဘာမှလည်း မရေးဘူး မရေးသေး ကြောင်းလည်း မပြောဘူး အတ္တတော်တော် ကြီးတယ် ဆိုတဲ့ ခံစားချက် ကလေးကို ရသွားကြတယ် မလား.. ဟဲ ဟဲ အဓိက. က အဲ့ဒီပါဝင်ပစ္စည်းလေးကို သရုပ်ပြချင်လို့.. ရေးချင်ရက် နဲ့ အောင့်အည်း နေရတာပါ.. ရင်းနှီးခဲ့ရတာတွေပါ.. သနားစရာပါ...။ (အမ်.. ဒါဆိုလည်း လူလည်ကြခြင်း ဆိုပြီး ဆယ်ရာခိုင်နှုန်း လောက် အဲ့ဒီပါဝင်ပစ္စည်းတွေ ထဲ မှာ ထပ်ထည့်လိုက်ပါလား…..) လို့ မစွပ်စွဲပါနဲ့.. အဲ့ဒါ အမှန်ကန်တွေ. စေတနာတွေပါဗျာ.. စေတနာဆိုတာ စော်ကား ကောင်းဘူးနော် ဟင်း ဟင်း...။
ဘလော့မရေးရတာကြာ ဘလော့ကလူတွေနဲ့လည်း မတွေ့ရတာကြာတော့ မသိမသာ အနယ်ထိုင်နေတဲ့ စိတ်တစ်ခု ကို ဂရုစိုက်မိတယ်..။ နာမည်တွေကိုပါ.။ တရက် ဖုံး လာတော့.. ဟေး ကိုတက်ကြီး ခင်ဗျားဘယ်ပြေးမလည်း ဆိုတဲ့ ဘလာဂေါက် အသံလည်းကြားရော ကိုတက်ဆိုတဲ့ နာမည်ကို စ ဂရုစိုက်လိုက်မိတာ.။ တက်စလာ ဆိုရင် တော်သေးရဲ့ အခုတော့ ဟို အဘိုးကြီး သိပ္ပံပညာရှင်ကြီး Nicola Tesla က မျက်စိထဲဝင်လာပြီး ရီချင်သွားမိတယ်။ နဂိုထဲက ကိုတက်စ် တို့ ကိုတက်စလာတို့ ဘာတို့ အဲ့လို အပြင်မှာ ခေါ်ခံရရင် အသည်းယားနေကြ.။ အဲ. နောက်တော့ မောင်ဂေါက် ဆိုတဲ့ နာမည်တွေ တစ်ခြားနာမည်တွေကို စဉ်းစားမိပြီး တယောက်တည်း ကြိတ် သဘောကြနေမိတာ.။ ဟော့.. ကျနော်တို့ ကလေး ဘ၀က ဖတ်တဲ့ ကာတွန်းထဲက ဦးထုတ်ရွဲ့စောင်း ဆောင်းထားတဲ့ ချာတိတ်ကလေးကို ကျနော်တို့က မဂျစ်တူးတဲ့. ခွိ..။ နာမည်လည်း မဟုတ် ဘာလည်းမဟုတ် တဲ့ ဘာညာဘာညာ ဆိုတာကြီးကိုလည်း ဟဲ့.. ဘာညာဘာညာ တဲ့..။ သေတ္တာကြီး နာမည်မှန်း သိရက်နဲ့ ဒေါ်တို့ မတို့ တပ်ပြီး ခေါ်ရတဲ့ မပန်ဒိုရာ ဆိုတာကလည်း ရှိသေး။ အဲ နာမည်လို့ ပြောဘို့ခက်တဲ့ ကိုမျက်လုံးတို့ ကိုပုထုဇဉ်တို့ ကိုနတ္ထိ တို့ ကိုဥပက္ခာတို့ ကိုကဒေါင်းညင်သာတို့ ကိုဘ၀ခရီး တို့ ကိုမီထရိုတို့ စသည်ဖြင့်ပေါ့လေ. သေချာတွေးကြည့်တော့ ဂွတီးဂွကျနဲ့ ပြုံးချင်စရာဗျ..။
တော်သေးတာပေါ့ဗျာ သူ့ကို ကျနော့်ဘ၀မှာ အရမ်းကို လေးစားလွန်းလို့ပါ ဆိုပြီး ဗုဒ္ဓ လို့ နာမည်ပေးထားတဲ့လူ မရှိတာကိုပဲ ကျေးဇူးတင်ရဦးမယ်.. နို့မို့ဆို ဗျို့ ကိုဗုဒ္ဓ လို့ခေါ်ရင် သူပဲ ငရဲကြီးမှာလိုလို ကိုယ်ပဲ ငရဲကြီးရမှာလိုလို ဖြစ်နေဦးမယ်.။
တစ်ချို့ကလည်း နဂိုကတည်းကကို လှတပတ နာမည်လေး တွေ ရွေးတတ်ပါရဲ့.. ဘာတဲ့. အိမ့် ချမ်း မြေ့ . တို့ ဘာတို့ ဆိုပဲ . အမယ်.။
ကဲ ကိုယ်လည်း ဘေးလူနေရာက ခံစားလို့ ရသွားအောင် ကျနော်တို့ နာမည်တွေနဲ့ ရည်မှန်းချက်တူ ပုံသဏ္ဏာန် တူ သော်လည်း မရင်းနှီးသေးတဲ့ နာမည် မျိုး ပြောင်းပေးထားတဲ့ ဘလော့ဂါ ဘီယာ ၀ိုင်း တစ်ခု ဆိုကြပါစို့..
စပြီဗျာ.. ကုန်းဘောင်ခေတ်ရဲ့ မြန်မာသံ ပီပီသသကြီးနဲ့ အင်္ဂလိပ်လိုပြောလိုက်သော ဗိုလ်ဝ၏ ချီးယား ဆိုသော အသံကြီး၏နောက် ညင်ညင်သာသာ အသားကုန် ၀ိုင်းတိုက်ကြသော ချွှမ် ချလမ် ၀ုန်း ဒိုင်း . . . စော်ကြည် အကြွေးကြေ အလုပ်မလုပ်ပဲ ချမ်းသာပါစေ.. တဲ့ ( ဘေးဝိုင်းမှ လူများကလည်း အချိုးမပြေတဲ့ ဆုတောင်းသံ ကြားတာနဲ့တင် သောက်မြင်ကတ် လာသောကြောင့် စတင်၍ ဂရုစိုက်မိပြီး သကာလ…) . ဟဲ့ သာရကာနေကြာကွာစေ့ စွတ်မမှာနဲ့နော် ဘတ်ဂျက်ဘယ်လောက်ပဲ ရှိတာလည်း သတိရဦး. ( ဘာနာမည်ကြီးလည်းဟ .. ဒီလိုနာမည် မျိုး အမေမွေးကတည်းက မကြားဘူးပေါင်)
ပွဲအစဆိုတော့ တိုးတိုး တိုးတိုးနှင့် ပေါ့လေ ပြောကြ .. မဂျက်ဂလောက် က ဟိုကိစ္စအတွက်… .. ဘယ်လို ဘယ်လို .. လေဘေးကလူတွေ လှူဘို့တဲ့ မဟိုလီကပ်ပ် ကလည်း ဒီလို.. ဒီလို.. မောင်နီနို ကလည်း ပြောတယ်..... ဂဏန်းက ဒီနေ့မအားလို့တဲ့… ကိုမုဒိတာ နဲ့ ဟိုနေ့က တွေ့ကြသေးတာ… အဲ့ဒီလူ ကျနော်သိတာပေါ့ဗျာ ငါးစီးရှင်ကျော်စွာလေ… (အမ်.. ဘယ်လိုလူမျိုး တွေလည်းမသိဘူး စပိုင်တွေလား ဘာတွေလည်း အဆန်းတွေ) ဟဲ့ သာရကာနေကြာကွာစေ့. အလင်္ကာမီမီ ဆီ ဖုံးဆက်ပါဦးဟဲ့.. ဘယ်သဝေထိုးနေလည်း လို့ မေးလိုက်.. (အမယ် သူတို့ထဲမှာ မော်ဒယ်ဂဲတွေလည်း ပါသား).. အဲ့လိုနဲ့ ဘေးနားကလူ၏ မသိမသာ ဂရုစိုက်ခံရမှုကို အပြည့်အ၀ ရရှိပြီးနောက်.. ဘီယာများအားလည်း ဘတ်ဂျက်အလွန် သို့ရောက်အောင် သောက်ပြီးသကာလ.. ကြီးကျိုးကြီးနာ များအား တယောက်နှင့် တစ်ယောက် အလွန် ဟောင်ဖွာစွာဖြင့် စတင် တိုက်ခိုက်ကြတော့သည်… ဟေ့ ဒဂါဖောက် ခင်ဗျားနဲ့ ကိုဦးနှောက်နဲ့ ဟိုနေ့က ဘယ် သွားကြတာတုန်း မှန်မှန်ပြော.. ( ဒဂါဖောက် တဲ့ နောက်တယောက်က ဦးနှောက်တဲ့ တိုင်းရင်းသားတွေလား နိုင်ငံခြားသားတွေလား ဂြိုလ်သားတွေလား ဒါမှမဟုတ် စိတ္တဇဆေးရုံသူ ဆေးရုံသားတွေလား.. မူးလို့ပြောတာများလား.. လား .. လား.. ) ဗိုလ်ဝက လပွတ်တာမှာ ဒီလို ဒီလို…. (ဟိုက်.. ဗိုလ်ဝတဲ့.. ဗိုလ်ကြီးတွေလား.. မဟုတ်မှလွဲရော တောပုန်းတွေများလား..)
လူသူတော် ရာ ပွင့်ပွင့်လင်းလင်း ၀န်ခံလိုက်စမ်းဘာ.. (ကျွှတ်.. ဘီယာခွက်ကြီးကိုင် ထားတဲ့ကောင်ကများ လူသူတော်တဲ့ အံ့ပါရဲ့)
ဒီလိုဗျ.. ကိုအိုင်းစတိုင်းရ… (ဟော့ဗျာ… ဒီလူတွေ ထရိုက်လိုက်ရ မကောင်းရှိတော့မယ်)
(ကျနော်တို့စဉ်းစားချင်တာလည်းရှိ မစဉ်းစားချင်တာလည်းရှိ သို့သော် ကျနော်တို့ ဦးနှောက်တွေကိုတော့ ဖြတ်လတ်လန်းဆန်း နေဘို့ လိုတယ်မလား ဆိုတဲ့ ဦးနှောက် အဖြစ် ကိုမျက်လုံး.။ မီးကတော့ ဘာရယ် ဟုတ်ပါဘူး ဟိုဟိုဒီဒီပေါ့နော် အဲ့လိုလေးတွေ ရေးချင်လို့ ဆိုတဲ့ သာရကာ နေကြာကွာစိ အဖြစ် ဘာညာဘာညာ.။ ကျုပ်ကတော့ အဲ့ဒီသိပ္ပံပညာရှင် ကြီးကို လေးစားလွန်းလို့ ဒီနာမည်ကြီး မည့်တာဗျာ ဆိုတဲ့ ကိုအိုင်းစတိုင်း အဖြစ် တက်စလာ..။ ရှင်းရှင်းလေးပါ ဘလောက်ဂါ. ဘလာဂေါက် . ဒဂေါက်ဖာ ဆိုရင်တော့ ဒဂါဖောက် ပေါ့ အဖြစ် မောင်ဂေါက်..။ လှလှပပ မော်ဒယ်ဆန်ဆန်ပေါ့နော် အဲ့လိုလေးပေးလိုက်တာလေလို့ ဆိုတဲ့ အလင်္ကာမီမီ အဖြစ် မယ်လိုဒီမောင်မောင်.။ ဘာရည်ရွယ်ချက် နဲ့ ပေးထားလည်းတော့ သိဘူး ထားပါတော့ လူသူတော် အဖြစ် ဖိုးသူတော်..။ သူများတွေ စိတ်ထင်တိုင်း ကြဲနေချိန်မှာ အမေပေးတဲ့ နာမည်အရင်းကြီးနဲ့ ၀င်လာတာ ကြောင်တောင်တောင်ကြီးဗျာ နော့.. ဗိုလ်ဝ အဖြစ် စိုးဇေယျထွန်း- မှတ်ချက် သူ့ကိုယ်သူ နာမည်မပေးတတ်လို့ ကျန်တဲ့သူတွေ ၀ိုင်းပေးထားရတဲ့ တကယ်ခေါ်တဲ့နာမည်.။ ကျန်တဲ့သူတွေကတော့ ကိုယ့်နာမည် ကိုယ်သိကြမှာပါ.။) ;)
အဲ့လိုပါ အခုရေးတဲ့ နာမည်တွေက ပြောင်ရှော်ရှော် နောက်တောက်တောက် နဲ့ လို့ ကျနော်တို့ ခံစားမိသလို တကယ် ခေါ်နေတဲ့ ကိုမျက်လုံး တို့ ကိုတက်စလာတို့ ဘာညာဘာညာ တို့ ဆိုတဲ့ နာမည်တွေက မရင်းနီးသေးတဲ့ ဘေးလူတစ်ယောက် အတွက်တော့ ပြောင်ရှော်ရှော် နောက်တောက်တောက် ကြီးပါပဲ..။ အော်.. တစ်ခါတစ်ခါကြတော့လည်း ဘလော့ဂါ စကားဝိုင်း ဘေးနားက လူတွေကိုတော့ အားနာမိကြောင်းပါ..။
မနှစ်က ဆီမီနာမှာတောင် ပရယ်ဇယ်တာပင့်ကူ က အခု ပြောမယ့်သူဟာ ဘာညာဘာညာ ဖြစ်ပါတယ်ရှင် လို့ ကြေငြာ လိုက်တော့ လူတွေ ကြောင်တောင်တောင် နဲ့ ဖြစ်သွားပြီးမှ ထရီကြတာကို မှတ်မိသေးတာ..။
စိတ်ထဲပေါ်လာတိုင်း ထင်ရာမြင်ရာ လုပ်ခဲ့တဲ့ ကိစ္စတွေ ကြာလာတော့လည်း အသားကျသွား ပုံ များပြောပါတယ်.. ။
ကဲ ပေါရဲလိုက်တာဟယ် ပဲ ပြောပြော အရှက်နည်းတာတော် လို့ပဲဆိုဆို စိတ်ကူးတွေကို လက်ရဲဇက်ရဲ အကောင်အထည် ဖော်ရဲ တယ် လို့ စဉ်းစားချင် စဉ်းစား.. ဘာပဲပြောပြောလေ အခု ကျနော်တို့ အားလုံး အဲ့ဒီနာမည်တွေနဲ့ အသားကျကြပါတယ်..။
အားလုံးပဲ သူများကို မထိခိုက်တဲ့ စိတ်ထင်ရာတွေလုပ်ပြီး ဘ၀အမောတွေ ကို ပြေလျော့နိုင်ကြပါစေ..။
မေတ္တာဖြင့်
ဆာအိုင်းစက်နယူတန်
(အဲလေ ဟုတ်ပါဘူး) တက်စလာ :)