Sunday, August 24, 2008

Travellerrr..



ခရီးသည်

ခရီး ကြမ်းသည်မို့
မောပန်းဟိုက် စဉ်ခါဝယ်။

ဒေါင်းလူပျို သံချိုမြွက်တော့
အားတက်ခဲ့တယ်။

အိုးဝေသံ နားဝင်အေးရယ်ကြောင့်
ခရီးနှင် ဆက်ပါသေးသော်လဲ
ဝေးလှလို့ ယောင်လယ်လယ်
အားငယ်မိ ပြန်တုန်း။

ရွှေချိုးဖြူ
ငြိမ့်လေး ချိုအောင်ကူပါ့
အားငယ်သူ သင့်သံကြားပါမှ
အားဝင်ကာ မာန်အင်သစ်မည်မို့
ကြင်ချစ်ဖွယ် သင့်သံအေးရယ်နဲ့
ကြွေးလိုက်ပါအုံး။

ငွေတာရီ (၁၉၂၅-၅၈)

 
Online -------> hits