Thursday, November 30, 2006

My December

-မိုးနှင်းမြူ

သိပ်လှပပါသည်။ သို့သော် တခါတရံ၌ ........

-မိုးများသည် နှင်းအရောင်ဆောင်၍ အာကာယံမှ ပြင်းထန်စွာ ခုန်ပျံဆင်းလာ

လျှင်ဖြင့်ရှစ်ခွင်တိုင်းတွင် မြူများဖြင့် အုံ့မှိုင်း၍ အအေးဓါတ်ကို ရက်စက်စွာ

ထုတ်လွတ်တော့သည်။

………..

-အအေးဓါတ်ကို အံတုဖို့ထားတဲ့ ထင်းတွေဟာလည်း သူ့ကြောင့်ပင် စွတ်စွတ်စိုစို

ဖြစ်နေပေပြီ၊ခြောက်သွေ့တဲ့ ထင်းတွေကိုတော့ ငွေကြေးနဲ့ ဖလှယ်မှသာ

ရနိုင်ပါမည်၊မီးမွှေးမဲ့ထင်းကို မီးပြန်ကင် ရသည်မှာ ရယ်စရာတော့

ကောင်းပါသည်။

………..

မီးသေနေတဲ့ မီးဖိုဘေးက ကလေးတယောက် အတွက်တော့

သိပ်ပြင်းတဲ့ရာသီဥတု လို့ ခေါ်နိုင်ပါတယ်..

တော်သေးတာပေါ့..အနွေးဓါတ် အပြည့်ပေးနိုင် တဲ့မေမေ့ရင်ခွင်နားမှာ အိပ်ရလို့..

ဟာ…မေမေကော ချမ်းနေမလားမသိဘူး..ထားလိုက်ပါလေ..

မနက်ဖြန် ဘယ်လိုစားရမလဲ ဆိုတဲ့အတွေးက မေမေ့ကို အပူဓါတ် တွေထုတ်ပေး

နေပါလိမ့်မယ်..

တွေးမနေပါနဲ့တော့ မေမေရယ် အရင်နေ့တွေ လိုပဲပေါ့..

ငါးခြောက်ဖုတ် ခရမ်းချည်သီးပြုတ် နဲ့ ခွက်ပုတ် တွေဟာ ဒီဇင်ဘာရဲ့

အကောင်းဆုံးညနေစာ တွေဆိုတာ သား မှတ်ထားပါ့မယ်။

…………

-နှင်းပွင့်လေးများ လှပစွာဖြင့် ကမ္ဘာမြေပေါ် ကြဲဖြန့်နေပြီ။

မြန်မာပြည် အထက်ပိုင်းတွင် ဒီဇင်ဘာတချို့ အအေးလွန်ခဲ့ဘူးပါသည်။

Tesla

ဒါ. ကြေကွှဲစရာ ကောင်းတဲ့ အတိတ်တွေထဲက

အရသာအရှိဆုံး လွှမ်းဆွတ်ရတဲ့ ငါ့ ဒီဇင်ဘာ ..

My December By LinkinPark

 
Online -------> hits