တံငါသည်
ဝုန်း ..ရှဲ… ရှဲ……. ၀ုန်း ..ရှဲ… ရှဲ….….
လှိုင်းများသည် ကမ်းပါးရံ သို့ စီးချက်ကျစွာ ရိုက်ခတ် လျက်ရှိသည်-
လေများက မြစ်ကမ်း ဘေးမှ သစ်ပင်များကို ယိမ်းနွဲ့စေ၍ သစ်ခက် သစ်ရွက်
များသည် အချင်းချင်းပွတ်တိုက်ခါ သဘာဝဂီတ တခုကို ဖော်ကြူးနေကြသည်-
ထိုလေ များသည် ကြည်လင်သော မြစ်၏ကြမ်းပြင် အား ဖြတ်ကျော် တိုက်ခတ်
လာသောကြောင့် လတ်ဆတ် လွန်းလှသည်-
ရေနှင့်စုန်သွားသော ဖောင် လေနှင့်စုန်သွားသော ရွက်လှေ နှင့် ရေစုန်ရေဆန်
လေစုန်လေဆန်ကို ဂရုမစိုက်သော စက်လှေ တချို့တို့ကိုလည်း အသက်ဝင်
နေသော ပန်းချီကား တချပ် အလား မြင်နိုင်ပါသည်-
နေရောင်ခြည် များက ထိုပန်းချီကား ကို ရုပ်လုံးကြွှလာ စေရန် ဆလိုက်ထိုး
ပေးထားသည်နှင့်ပင် တူ နေသေးသည်-
ထိုနေရာ သည်ကား မိခင်ကုန်းမြေမှ နို့ရည်ထုတ်ပေး လိုက်သဖြင့်
မင်းဝံတောင်ကြောဘေး၌ ရစ်ခွေကာ စီးဆင်းနေသည့်
မြစ်ဧရာ၏ ကမ်းစပ်တခု ပင် ဖြစ်ပေသည်-
....................
သို့သော် ထိုအလှအပ များမှာ သူနှင့်မဆိုင် သည့်အလား မြစ်ကမ်းဘေး၌
တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသူ တယောက်ရှိသည်-
ထိုသူမှာ တံငါသည် တယောက်ဖြစ်ပါ သည်-
ဝမ်းနည်းစရာကောင်းသည်မှာ ထိုတံငါသည် သည် ကလေးတယောက်
ဖြစ်နေခြင်းပင်-
....................
တံငါသည်လေး၏ မျက်စိများသည် ပန်းချီကားချပ် ထဲ၌ ရှိမနေသည်မှာ
သေချာပါသည်-
သူ၏ အမြင်အာရုံမှာ နိုင်လွန်ငါးမျှားကြိုး နှင့် ဆက်သွယ်ထားသည့် ရေပေါ်၌
ပေါလောပေါ်နေသော ဖော့တစ်ခု၌ တည်ရှိနေသည်-
ထိုဖော့ကလေး လှုပ်ရှားလာခြင်း သည် သူ၏ရည်မှန်းချက် ဖြစ်သည်-
သူ၏စိတ်များ ကိုလည်း ပတ်ဝန်းကျင်၌ လွင့်မြော မနေစေပါ-
ငါးတကောင် အစာကို လာဟတ်လျှင် ဒုတ် .. ဒုတ် .. ဒုတ် . ဒုတ် .. ဟု လက်မှ
ခံစားရလာမည့် အတွေ့အာရုံ သည် သူ၏ မျှော်လင့်ချက် ဖြစ်သည်-
ငါးမျှားတန် ကိုင်းညွှတ် သွားလျှင် လျင်မြန်စွာ ဆွဲတင်နိုင်ရန်
အဆင်သင့် ပြင်ထားသည်-
သူ၏ ပန်းတိုင်မှာ ငါးတကောင်သည် သူ့ငါးမျှားတန်၌ ပါလာရန် ပင်ဖြစ်သည်-
....................
တဖြည်းဖြည်း နှင့် အချိန်တွေကုန် လာသည်မှာ
နေမင်းကြီးသည်ပင် ထိုတရက်ကို နုတ်ဆက်ရန် ဟန်ပြင်နေပြီ-
ငါးများသည်လည်း ငါးသီတံ ၌ချိတ်ဆက်ထားသည်မှာ
တော်တော်ပင် များနေပေပြီ-
တံငါသည်လေး၏ မျှော်လင့်ချက်များမှာ ထိုနေ့အတွက် ဖူလုံနေပြီ-
ထိုအချိန် ကြမှသာ သူသည် ပတ်ဝန်းကျင် အလှပကို ခံစားနိုင်တော့သည်-
သူ၏ ပတ်ဝန်းကျင် ခံစား မှုမှာ လတ်ဆတ်သောလေကို တ၀ကြီး
ရူသွင်းလိုက်ခြင်းပင်-
ထို့ထက်ပို၍ မခံစားတတ်-
သူ၏စိတ် ကိုလည်းလွှတ်လပ်ခွင့် ပေးလိုက်သည်-
ထိုအခါ အတွေးတို့သည် အိမ်မှ ထွက်လာသော မနက်ခင်းစီသို့ နစ်ဝင်စီးမျော
သွားပါတော့သည်-
....................
အကြိမ်ကြိမ် တားထားသည့် ကိစ္စ မှန်းသိလျက်နဲ့ ကျနော်အရဲစွန့်၍
ပြောလိုက်သည်-
ထိုအခါ မေမေသည် ပုစ္စာပေါင်းမြောက်များစွာ ကိုတပြိုင်နက်
တွက်ချက်တော့သည်-
ကျနော်ဥာဏ်မှီသလောက် ခန့်မှန်းမိသည့် ပုစ္စာ တချို့မှာ-
-ငါးများနှင့် ဆန်နို့ဆီဘူး နှစ်လုံးတို့၏ ဖလှယ်ရ ဂုဏ်သတ္တိ
-ကလေးတယောက် အတွက် အသားဓါတ် ငါးဓါတ် မရရှိခြင်း သည်
ရက်ပေါင်းမည်မျှအထိသာဖြစ်သင့်ပါသနည်း
-ကုသိုလ်နှင့် အကုသိုလ် တို့၏ ဖက်စပ် မရ ဂုဏ်သတ္တိ
ထို အပ်ကြောင်းထပ် ပုစ္စာ များနှင့် မဖြေရှင်းနိုင်တော့သည့် အတွေးများက
ေ၀၀ါးသော အဖြေတစ်ခုသာ ထုတ်ပေးလိုက်သည်-
သေချာသည်မှာ ထိုအဖြေထဲ၌ အဝေးကြီး လှမ်းကြည့်ရန် အင်အားမရှိတော့၍
ပစ္စုန်ပ္ပန် ကိုသာကြည့်ခြင်း၊ နောက်နေ့အတွက် လိုအပ်မည့် စားစရာ၊
လက်မြောက်အရှူံးပေးလိုက်ရသော ဆင်းရဲမှူ စသည့် သက်သေပြချက်များ
ပါဝင်နေမည်ကိုမူ ကျနော်သိထား ပါသည်-
“ သားလေးဂရုစိုက်ပြီးသွားနော် “
ကျနော်ထွက်လာ သောအခါ မေမေသည် မျက်နှာတဘက်လွှဲကာ
ထိုကဲ့သို့ ပြောပါသည်-
မေမေ မျက်ရေ၀ဲနေ မည်ဆိုတာကိုတော့ ရိပ်မိပါသည်- ကွယ်လွန်သွားပြီဖြစ်သော
ဖေဖေ့ကို တမ်းတ နေခြင်းလည်းဖြစ်နိုင်ပါသည်-
....................
ကြေကွှဲစွာ ဆိုသည်မှာ
သူ့အတွေးများကြောင့်ဖြစ်သော်လည်း
ပြုံးလိုက်ခြင်း မှာကား
သူ၏မျှော်လင့်ချက် များမှာ
လိုသည်ထက်ပိုကာ ငါးသီတံ၌ အစီအရီ ချိတ်ဆက်ထားပြီးသောကြောင့်ဖြစ်သည်-
“ ဟေ့ကောင်- ပြန်ကြမယ်ဟေ့ “
ခပ်လှမ်းလှမ်းတွင်ရှိနေသော သူငယ်ချင်းအားလှမ်း အော်လိုက်သည်-
“ အေး “
သြော်- သူလည်းပဲ မျှော်လင့်ချက်များကို သီတန်းပြီးသား ဖြစ်ပေလိမ့်မည်-
ရုတ်တရက် ဂျွတ်.. ဂျွတ် … ဂျွတ်ဂျွတ် ဟူသော အသံတခုကြားလိုက်ရသည်-
လုံးဝမထင်မှတ်ထားသော ကိစ္စ တစ်ခုဖြစ်လာပါသည်-
တောတန်းကမ်းပါးရံ မှ ငါးပွက်ရာ ငါးစာချ ဟူသော ဥပဒေသ အတိုင်း လိုက်ခဲ့၍
ညနေပိုင်းတွင် လူနေအိမ်ခြေ နှင့် နီးကပ်သောနေရာ၌ ငါးမျှားနေသော
တံငါသည်လေးသည် မနက်ခင်းအတွေးများကြောင့်
သတိလက်လွှတ်ဖြစ်သွားပါသည်-
အသံကြား၍ လှဲ့ကြည့်လိုက်သောအခါ ၀က်တစ်ကောင်သည် ငါးသီတံ၌ ရှိသော
နောက်ဆုံး ငါးတကောင်ကို အစားပိတ်အဖြစ် မြိန်ဆက်စွာ ၀ါးနေသည်ကို
တွေ့လိုက်ရသည်-ရင်ထဲ၌ဟာသွားသည်-
ဝက်ကိုမုန်းမုန်းတီးတီး စိုက်ကြည့်လိုက်သည်-
နောက် အံကြိတ်၍ မျက်လုံးအစုံကို မှိတ်လိုက်သည်-
မျက်ရေစ တချို့ ပါးပြင်ပေါ်သို့ ကျလာသည်-
တံငါသည်လေး၏ မျက်ရေစတို့ ကိုနှစ်သိမ့်ရန် ငါးတချို့ခွှဲပေးခဲ့သည့်
သူငယ်ချင်း၏
ချစ်ခြင်းမေတ္တာ များဖြင့်ထိုတရက်သည် တိတ်ဆိတ်စွာပြီးဆုံးသွားခဲ့တော့သည်-
....................
စားသုံးသွားသည်-
သူ မသိ သည်မှာ ထိုညနေစာထဲ၌ ကလေးတယောက်၏ မျှော်လင့်ချက် များပါ
ရောပါသွားသည် ဆိုသည့် အချက်ပင်-
ဧရာဝတီ သည်ယခုတိုင် စီးမြဲစီးစဲ ဖြစ်ပါသည်-
မြစ်အတွင်း၌ ထင်ဟပ်နေသော လမင်းကြီး မှာကား လှိုင်းများကြောင့် လှုပ်ရန်း
နေနိုင်သော်လည်း ခေါင်းမော့ကြည့် လိုက်ပါက တည်ငြိမ်စွာ အလင်းပေးနေ
သည်ကိုတွေ့ နိုင်ပါသည်-
ဝင်းပမြဲ ၀င်းပလျက်ပါ-
Tesla
|