Saturday, January 27, 2007

Falling-Star

ဆရာတင်မိုးသို့

-ဆေးလိပ်လည်းတို နေညိုသော်ငြား
တို့ပြည် တို့ရွာ တို့ဌာနီကား
ပြိုမြဲ ပြိုစဲ ပြိုလတည်း ပင်.....

-သို့ပါသော်လည်း
တာဝန်ကျေပွန် ပြည့်အကျိုး ထမ်းပိုး
ဆရာတင်မိုး သို့
အိမ်ပြန်ပို့ခိုက် မှာ လိုက်ချင်သည်
ကျနော်တို့ ဆက်၍ ထမ်းပါမည်.....

-ခရီးမှတ်တတ် လမ်းခုလတ်၌
ကိုယ်လွတ်ရှောင်ခွာ
ခွဲရသည်ဟု မထင်စေလို ဆရာအိုကို
ထပ်မှာချင်သည်
ဖြောင့်တန်းစွာပင် သွားပါလေ.....
ဆရာ...
ကောင်းရာသုဂတိ လားပါစေ.....

Tesla

ကြယ်တွေကြွှေတာ မဆန်းပေမဲ့-
အလင်းပေးနေတဲ့ ကြယ်တလုံး ကြွှေကျတာတော့ နှမြောလှတယ်ဗျာ

 
Online -------> hits