Thursday, August 16, 2007

00000

ဓါတ်ဆီထုတ်ဈေး နှစ်ဆမြင့်စေ။ ဂက်စ်ကို ငါးဆမြင့်စေ။

ဂုဏ်ယူပါတယ် ဘဘဗိုလ်ချုပ်ကြီးတို့ ခင်ဗျာ-
နိုင်ငံအရေးကို စစ်တိုက်သလို ၀ုန်းဝုန်းဒိုင်ဒိုင်း ဆုံးဖြတ်ချက်ချရဲတဲ့
စစ်သားပီသမှုအတွက် ဂုဏ်ယူပါတယ်။
ကျေးဇူးတင်ပါတယ် ဘဘဗိုလ်ချုပ်ကြီးတို့ ခင်ဗျာ-
ပြည်သူတွေကို ငါတို့လိုပဲ သုံးဖြုန်းနိုင်တယ်လို့ အထင်ကြီးပေးတဲ့ အတွက်
ကျေးဇူးတင်ပါတယ်။
ဝမ်းမြောက်မိပါတယ် ဘဘဗိုလ်ချုပ်ကြီးတို့ခင်ဗျာ-
နိုင်ငံတော် ဆင်းရဲနေပြီလို့ အခုလို သိသိသာသာ အင်ဒါရိုက်
ကြေငြာပေးရဲတဲ့အတွက် ပွင့်ပွင့်လင်းလင်း ရှိလာလို့
ဝမ်းမြောက်မိပါတယ်။

ဘာများဝမ်းနည်းစရာ ရှိမှာလည်းခင်ဗျာ နိုင်ငံသားပိုင်တဲ့
လေကြောင်းလိုင်းတောင် ရှိနေပြီပဲဗျာ။
သူ့ဆီက အခွန်မကောက်ပါနဲ့ ခင်ဗျာ အရေးကြီးပါတယ်။
ဒါမှ နိုင်ငံတကာမှာ မတရား မဟားတရား ချမ်းသာတဲ့ ပြည်သူတွေ
ရှိပါတယ်လို့ ပြောလို့ရမှာ မလား။
ဟိုး.. ရှေ့က ပျံကျဈေးသည်ဆီက အခွန် လိမ့်ကောက်ပါခင်ဗျာ-
သူတို့ အရင်းပြုတ်မှ နိုင်ငံဟာ ပျံကျဈေးသည် မရှိဘူးလို့ ကြေငြာလို့ ရမှာမလား။
လူမနေတဲ့ နေရာမှာ မီးတွေ ထိမ်ထိမ်လင်းအောင် ထွန်းထားပေးပါ.
ဒါမှ တိုင်းပြည်ဟာ စိမ်းလမ်းဆိုပြေ အေးချမ်းသာယာဝပြော လူမရှိတာတောင်
မီးထွန်းထားနိုင်တယ်လို့ ကြေငြာလို့ ရမှာ မဟုတ်လား။
ပညာကို တန်ဘိုးမထားတတ်အောင် နည်းလမ်းထပ်ရှာပါဦးခင်ဗျ.
ပညာတတ်ရင် လူရေလည်လာပြီး လူကြီးတွေ လုပ်နေတာကို
ဟိုဟာမကောင်းဘူး ဒီဟာ မကောင်းဘူး ပြောလာကြမယ် မလား။
အဲ့နေရာတွေကို ဆီတွေခပ်ထူထူသာ လူးထားပေးပါခင်ဗျား..
အခု မယောင်သေးပေမဲ့ ကြိုတင်ပြင်ဆင်ထားတော့ အောင်ပွဲဝင်တာပေါ့ခင်ဗျာ။

ကဲ.. ပြည်သူများ ပြည်သားများ ခင်ဗျား ပျော်ပျော်နေကြပါခင်ဗျား.
ကျနော်တို့ တဖြေးဖြေးနဲ့ နီးလာပါပြီ.
သေခါနီး.. အဲလေ.. သာယာရွှေပြည်ကြီး နဲ့ပါခင်ဗျား...။

Tesla

မနေ့က ဘတ်စ်ကားစီးကြတဲ့ လူတွေကော ကုန်ဈေးနှုန်းတွေတက်တယ်
ညည်းကြလို့ကော စိတ်ထဲမကောင်းလို့ ရေးမိပါတယ်။ ဘာရယ်မဟုတ်ပါဘူး။

 
Online -------> hits