ကိုဘ၀ခရီး ရဲ့ တက်မှုကြောင့်ရေးရခြင်းဖြစ်သော်လည်း အမှန်တော့ ကျနော့်ဘလော့လေးဟာ နောက်လဆို တနှစ်ပြည့်ပြီ ဖြစ်လို့ ပြန်လည်လှမ်းမျှော်ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာခြင်နေခဲ့ တဲ့ စိတ်ကလေးလည်း ရှိနေခဲ့ပါတယ်.
(နဂိုထဲက ကြိတ်ပြီးရေးချင်နေတယ်ပေါ့ဗျာ :P)
ထို့ကြောင့်ပင် ဘာတွေတွေးခဲ့မိသလည်း ဘာတွေရေးမိခဲ့သလည်း အခုလိုအချိန်ကြာလာတော့ စာဖတ်သူတယောက်လို ပြန်ဖြစ်သွားတဲ့အတွက် အခုဘာတွေကို ကြိုက်နှစ်သက်သလည်း ရေးခဲ့တုန်းက ဘာလို့ရေးခဲ့လည်း ဘယ်လိုခံစားချက်ရှိနေခဲ့ ပါသလဲဆိုတာ (ကဲ- ရေးမှာသာရေးစမ်းပါ :) ) ပို့စ်တိုင်းကို Review ပြန်လုပ်ကြည့်မိတယ်. သိပ်တော့မထူးဆန်းပါဘူး တော်တော်များများတော့ အခုထက်ထိ ကြိုက်သားဗျ ကိုယ်ရေးတာကိုး. ကိုယ်မကြိုက်လို့ ဘယ်သူကကြိုက်ဦးမှာလည်း. အမှန်တော့ ပို့စ်တခုခြင်းစီကိုတောင် ပြန်လည် စမ်းစစ်ခြင်းဆိုပြီးရေးလိုက်ချင်သေးရဲ့. အခုတော့လည်း ငါးခုပေါ့. ကျနော်ရွေးမဲ့ငါးခုကတော့ ကျနော့်တယောက်တည်း အမြင်ကပဲ ခံစားပြီးရွေးထားလိုက်တယ်. ကွန်မန့်တွေ ပြန်ဖတ်ကြည့်ပြီး ခံစားဖတ်ရှူသူ တော်တော်များများ နဲ့ အကြိုက်တူတဲ့ဟာများကို တွေ့သော်လည်းမရွေးမိပါဘူး..။
ကဲကဲ.. အရှေ့ကို လျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်… (နေစူးလိုက်တာ ;) )
၁. Beyond
ကျနော်တို့လိုက်မှီခြင်းများရဲ့ အလွန် မမြင်ရသေးတဲ့ လိုက်မမှီသေးတဲ့ ဟိုဘက်က ကိစ္စတွေအများကြီးရှိ နေသေးတယ်ဆိုတာကို ခံစားထားခြင်းဖြစ်ပါတယ်။ အာဖရိကတောထဲက လူရိုင်းတယောက်ကို အီဖယ်မျှော်စင်ကြီး အကြောင်းပြောရင် သူယုံခြင်မှယုံပါလိမ့်မယ် အဲ့လိုပါပဲ ကျနော်တို့ထိမိနေ တွေ့မိနေသေးတဲ့ အရာတွေဟာ စကြာဝဠာကြီးနဲ့ နိုင်းယှဉ်ရင် ဘာမှမဟုတ်သေးပဲ မရောက်ဘူးသေးတဲ့ နေရာတွေ မသိသေးတဲ့ကိစ္စတွေဟာ ပြောမဆုံးအောင် ရှိနေသေးကြောင်း ထိုနေရာတွေကို အရောက်သွားဘို့ သိပွံပညာဟာ ပို့ပေးနိုင်ပါ့မလား ဘယ်လိုပါဝါမျိုးနဲ့ သွားမှသိနိုင်မှာလည်း ဆိုသော...
ခံစားချက်တခုကို မှီငြမ်းရေးထားခြင်း ဖြစ်ပါတယ်။ ဒီကမ္ဘာမှာ ကျနော်စိတ်အ၀င်စားဆုံးကိစ္စ တခုဖြစ်ပါတယ်။ ဘာသာရေးလို့ နာမည် မတပ်ခဲ့ရဲတဲ့ ဘာသာရေးရှုထောင့် ပို့စ်တခုပါ။ ဒီပို့စ်ဟာ ကျနော်ရေးဘို့ အချိန် အယူခဲ့ရဆုံးသော ပို့စ်လည်း ဖြစ်ပါတယ်။
၂. တံငါသည်
ဒီပို့စ်ကတော့ စာဖတ်သူတွေလည်း ကြိုက်နှစ်သက်ကြတယ်။ ဘလော့ စာအုပ်ထဲတောင် ထည့်ပေးကြမယ် ဆိုပဲ။ အခုကျနော်ပြန်ဖတ်တော့ တော်လိုက်တဲ့ ငါလို့တောင် ထင်မိတယ်. ဟိဟိ. ဆင်းရဲ နွမ်းပွားမှု များရယ် မိဘမေတ္တာရယ်ကို ရှုမျှော်ခင်းလှလှ စကားလုံးရွရွနဲ့ ရောယှက်ပြီး ဖွဲ့နွဲ့ထားခဲ့ခြင်း ဖြစ်ပါတယ်။
Diary + လို့ဆိုခဲ့သလို ဒိုင်ယာရီလိုစာမျိုးတခုထက် နည်းနည်းကျော်လွန်ခြင်းပါ။ ရေးထားကတည်းက ကိုယ်ပိုင်ညစာဆိုပြီး ကျနော့်အတွက် သက်သက်ရေးပေးခဲ့လို့ ကျနော်အခုထက်ထိလည်း ကြိုက်တုန်းပါပဲ.
စိတ်ထဲ ဖြစ်ပေါ်လာသော အပိုင်းအစ များစွာနဲ့ ရေးဖွဲ့ထားသော်လည်း ထိုအပိုင်းအစများသည် မောဟတရားအား တရားကျခြင်းဆိုသည့် အခြေခံစိတ်တခုတည်းက ခွဲထွက်ဖြာဝေမှုများ ဖြစ်ကြတယ်။ ကြိုက်တဲ့သူတွေလည်း အတော်ကြိုက်ကြတယ် ထင်တယ်။ မကြိုက်တဲ့သူတွေကလည်း အတော်လေး မကြိုက်ပါဘူး။ ကြောင်တောင်တောင်နဲ့လို့ အပြောခံပြီးတောင် ရေးခဲ့ရတဲ့ ပို့စ်ပါ..။
၎. ထို့ကြောင့်ဤအရာကို… (ဘယ်လိုခေါ်မှန်းမသိတော့ပါ)
ကဗျာတွေကိုတော့ ကြိုက်တယ် မကြိုက်ဘူးဆိုတာတောင် မရှိသလောက် ပါပဲ.။ ကဗျာဆိုတဲ့အတိုင်း နှလုံးသားထဲက ရေးဖွဲ့ခဲ့မှမှုတွေဟာ ရာခိုင်နှုန်းများပြားတဲ့ အတွက် ဖတ်ပြီး မခံစားရတဲ့ ကဗျာမျိုး ကျနော့်မှာ မရှိပါဘူး။ ဆိုလိုတာက ကောင်းခြင်း မကောင်းခြင်း ကဗျာအရာမြောက်ခြင်း မမြောက်ခြင်းနဲ့ မဆိုင်ပါဘူး.။ ကျနော်ရေးခဲ့သောကဗျာ များဟာ ကျနော့်တယောက်ထဲအတွက်တော့ လွန်စွာရသမြောက်အောင် ပေးခဲ့ကြတယ် လို့ ပြောခြင်တာပါ. တခုရွေးရမယ် ဆိုတော့ကာ အခုကဗျာလေးဟာ နှလုံးသားနဲ့ ရေးခဲ့တဲ့ ရသအမြောက်ဆုံး ကဗျာလေးများ ဖြစ်နိုင်မလားလေလို့တော့ ထင်လိုက်မိတာပဲရယ်..။
၅. PROCEZz
ရေးခဲ့ရ တွေးခဲ့ရတဲ့အထဲမှာ အရသာအရှိဆုံးပါပဲ. ပုံမှန်ရေးဖွဲ့မှုမျိုးမဟုတ်တဲ့ အတွက်လည်း အရသာရှိမိပါတယ်။ အဖြစ်အပျက်များ တခုခြင်းဆီက ခံစားချက်တခုခြင်းဆီ ပေးပါတယ်။ အားလုံးပေါင်းလိုက်တဲ့ အချိန်မှာလည်း ခပ်ကြီးကြီး ရသတခုထပ်ပေးခဲ့ တဲ့အတွက် အရသာရှိမိပြန်တယ်။ ဟုတ်ပါ့ ကိုယ့်ဟာကို ကွန်မန့်ပေးပြီး ချီးကျူးနေတာ.. အဲ့လို အမြင်ကပ်လည်း ခံရဲပါတယ်.. ကျနော်သိပ်ကြိုက်လို့ပါ..။ မေခ ကိုတောင်လွမ်းမိတယ်ကွယ်….။
အမ်.. ပြည့်ပြီလား ငါးချက်.. ဒီမှာ ရွေးကောင်းတုန်းရှိသေး.. ဟဲ.. ဟဲ…..
Tesla
|