သို့….စနစ်ဆိုး
-မှောင်လိုက်တာများဗျာ
ဒါ လူ့ပြည်ကောဟုတ်ပါရဲ့လား
ဘာကြောင့်
ဖယောင်းတိုင်မီးလေးကိုမှုတ်ခဲ့တာလဲ
ဲ-ဒီလောက် ညည်းတွားနေကြ တာတောင်
မျက်လုံးမှိတ်ပြီး ငိုသံတွေကို
ဂီတအဖြစ် နားဆင်နေတုန်း
-ဟုတ်တယ်
ကျနော်တောင် အငွေ့ပျံဘို့ အဆင်သင့်ဖြစ်နေပြီပဲ
-သိပ်တော့ပျော်မနေပါနဲ့
နတ်သမီးကို မတွေ့ရ သေးခင် အငွေ့ပျံခဲ့ရပေမဲ့
အဲ့ဒီ မီးခိုးတွေပေါင်းပြီး ခင်ဗျားအသက်ရှုရပ်တဲ့အထိ
မှိုင်းတိုက်မလို့ ပြင်ဆင်ထားလိုက်ပြီ
-တံခါးတွေဖွင့်ဘို့သာ အမိန့်ပေးလိုက်
မိုးလင်းတော့မယ်
မြန်မြန်ဖွင့်
မြန်မြန်ဖွင့်ပါ-
မှ….
Angel Detector
ဟိုတနေ့က တ၀က်တပျက် အငွေ့ပျံသွားသော
ကျနော့် အီးမေးလ် လေးအတွက်ပါ-
Tesla
Thursday, February 01, 2007
Vaporization
Posted by Tesla at 11:37 AM
Subscribe to:
Comment Feed (RSS)
|