မတ်လ တော်လှန်ရေး
မိုးကုပ်ကုပ်ဝယ်
အို-ရုတ်တရက်၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ၊ ဟ … ဟ လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး။
မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ်၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း၊ မနီးမဝေး
ချောင်းရိုးဘေးမှ၊ ဖြည်းဖြည်းညင်းညင်း
လှေတစင်းထက်၊ တောတွင်းသားပျို
ဖျင်လက်တိုနှင့်၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရွေ့သည်၊ ခြောက်သွေ့မြက်ထုံး
ကောက်ရိုးဖုံးလျက်၊ ကွယ်ပုန်းဝှက်လာ
ယူကာလက်ထောက်၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ်။
အမှောင်ရိပ်ဝယ်
မှေးမှိတ်ငြိမ်သက်၊ ချောင်းကွေ့ထက်တွင်
အုပ်ယှက်ထွေးရော၊ သင်ပေါင်းတော၏
နောက်ကျောစေးပျစ်၊ သောင်ရေစစ်မှ
ဖက်စစ်ကင်းစောင့် စစ်စခန်း။
ချောင်းကိုကွေ့သော်
တွေ့လျှင်တွေ့ချင်း၊ မြေငူရင်းသို့
ချဉ်းကပ်လှော်ကာ၊ နီး၍လာလျှင်
အသာရုတ်ချင်း၊ တိတ်ဆိတ်မင်းကို
ဖြိုခွင်းပြင်းထန်၊ သေနတ်သံသည်
မြစ်ယံပဲ့တင်ထပ်သတည်း။
ငွေလရောင်လျှင်
အမှောင်ညရိပ်၊ သေးသေးစိတ်သား
မိုးထိပ်တိမ်မော်၊ ငြိမ့်ငြိမ့်ပေါ်သည်
စန္ဒာပြုံးလှည့်၊ ငုံ့ကာကြည့်ရှင့်
ထွန်းသည့်ညဥ့်ခါ၊ ထိန်ထိန်သာသော်
ကျယ်စွာဝန်းလျား၊ လယ်ကွင်းနားမှ
တောဖျားညို့အုပ်၊ မှိတ်တုတ်တုတ်လျှင်
ယိမ်းလှုပ်ပြကာ၊ မီးအိမ်ဝါနှင့်
အာကာပြာမှိုင်း၊ တွဲလွဲဆိုင်း၍
ဖြူဝိုင်းစက်စက်၊ ဆင်းလာသက်မှ
လက်လက်ရောင်ထင်၊ ကျသွင်သွင်သည်
လေယာဉ်ပေါ်မှ စစ်ရိက္ခာ။
ရွာတစ်ရွာကား
မှိုင်းပြာမည်းညို့၊ မီးရှို့လောင်ကျွှမ်း
တင်းဝင်ရန်းကြောင့်၊ ပရမ်းပတာ
ထွက်ပြေးရှာရ၊ လဟာသွေ့သွေ့
ခိုးငွေ့ဝေေ၀၊ မီးလောင်မြေမှ
နွမ်းခွေပျောင်းယဲ့၊ ညင်းလေဖွဲ့က
သဲ့သဲ့ခွေးဟောင်သံတကား။
ခရေပွင့်လျှင်
ကြွေရင့်ဝါ၀ါ၊ မြေ၌မှာလျှင်
ရောကာပေါင်းယှက်၊ ဟောင်းသစ်ရွက်နှင့်
တစ်ဝက်မောင်းနီ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး၊ နီဝါကူးသည်
နွေဦးပေါက်မို့ ရော်ရွက်ကြွေ။
ရင့်ကြွေညောင်းသည်
ရွက်ဟောင်းစွန့်ပစ်၊ ဘ၀သစ်သို့
သနစ်ပြောင်းမည်၊ ဖူးသစ်မီသည်
အနီထဲမှ ကြယ်ဖြူပွင့်။ ။
ဒဂုန်တာရာ
Monday, March 26, 2007
Armed Forces Day ( 27 March )
Posted by Tesla at 4:57 PM |
Tuesday, March 20, 2007
Free From Suffering
အဆင့် (တစ်)
အဲ့ဒီရက်တွေပေါ့
ဖွဲဖွဲလေးဆို ငါမပြောပါဘူး
ခုတော့ ငါ့တယောက်ထဲကို ပဲ
သည်းသည်းမဲမဲ ရွာခဲ့တာတော့ လွန်တယ်-
စိတ်သွားတိုင်း ကိုယ်ပါရင်
လက်ထဲက
ဘီယာခွက်တွေ အမှုန့် ဖြစ်ခဲ့တာ
ရေလို့တောင်မရဘူး-
ညာသံပေးပြီး ဟန်ရေးပြမနေနဲ့
ကဆုန်စိုင်း ပြီး တိုးဝင်ပြစ်လိုက်စမ်းပါ
အဲ့ထဲမှာ သံချပ်ကာ ၀တ်ထားလို့
သူရဲကောင်းလို့ ကြေငြာရဲတာပဲ ရှိတယ်-
ဒီလိုကြေးဆို
ငယ်ငယ်ကထဲက
ငါ့လက်မှာ သတ္တိဆိုပြီး
ဆေးမှင်ကြောင် ထိုးခဲ့မှာပေါ့-
အော်-
ဆုံးရှုံးလွန်းလို့ ထတော့မယ်ဆိုမှ
ခြေထိုးခံရလို့ အတုံးအရုန်း ကျပြန်တယ်
ဟုတ်တယ်
ဝုန်းကနဲ ထ ရပ်လိုက်တာကိုက ငါမှားတာ-
အသုံးမကျပုံများ
သိသိနဲ့
တမျိုးပြီးတမျိုး နှိပ်စက်တယ်ထင်
လူပီသအောင် မနေတတ်ခဲ့
အချိုးက ထောင့်မကျိုး
ရေတွက်ကြည့်လိုက်တော့
အခုဆိုရင် နှစ်ပေါင်းနှစ်ဆယ့်ကိုး-
ဟူး…………..
အဆင့် (နှစ်)
လကွယ်တည
ဖုန်းဆိုးမြေပေါ်မှ
အသံတွေကြားရ
တစ္ဆေတချို့ သံပြိုင်ရွတ်ဆိုကြသည်-
“ရှင်ကြ ရှင်ကြ သေဖို့အတွက် ရှင်ကြ
အတ္တတွေနဲ့ ဒုက္ခခံကာရှင်ကြ
အနုမြူကြောင့်ကြ ဗိုင်းရပ်စ်အစားခံကာ ရှင်ကြ
အလဲအကွဲများတဲ့ ငရဲပွဲထဲက
တနေ့နေ့တော့ ထွက်ခဲ့ကြ
တွဲကရအောင် ဒီမှာ တစ္ဆေအက”
လပြည့်တည
ဘုရားကြောင်းမှ
ဝတ်ပြုဆုတောင်းသံကြားရ
ငြိမ်းချမ်းသည်ဟုပြောကြသည်-
တချို့က-
“မြက်ခင်းစိမ်း နဲ့ အရိပ်အာဝါသ
ငြိမ်းချမ်းစွာနားခိုကြ
ဆက်သွားလျှင် ရောက်မည့်နေရာက
ထာဝရ”
ဟု ယုံကြည်ကြ-
တချို့က-
“အမှိုက်မှောင်ထဲက ရုံးထွက်မှ
လွတ်မြောက်နိုင်မည် သံသရာထဲက”
ဟု တိတ်တဆိတ်ဖွင့်ဟ-
တချို့က-
“စောင့်ရှောက်ကြ
သင်တို့ ၏မြေးမြစ်တီတွတ်က အစ
တာဝန်ယူခ အတွက်
ညှိပေးခဲ့မည်
အမွှေးတိုင် တစ”
တချို့က-
“သေသော်မှတည့် အော်ကောင်း၏”
ဟု ပြောကြဆိုကြ လူဖြစ်ရသည့်
သုဉ်းသုံးဝ
သေချာသည်က
မတည်မြဲနိုင် သည့် အခိုက်တန့်ခဏ
ပြင်ဆင်နိုင်ခါမှ တော်ကာကြ
မှားကိုမှားမည့် အကွက်ရွေ့ခြင်း နိယာမ
လွတ်မြောက်မှု ရှာရန် တွက်
ရုံး ထွက်ရမည် ၀ဲဂယက် ထဲမှ-
အဲ့ဒီည
လူတချို့ လွတ်မြောက်ခဲ့သည့် လမ်းစ
ချစ်ခြင်းကိုတို မုန်းခြင်းကို ဖြတ်ချ-
ပြန်ပတ်မဲ့ ဖြတ်လမ်းနည်းမှာကား
ရှင်လျက်နဲ့ပင် သေချင်ယောင်ဆောင်ကြ……
အဆင့် (သုံး) ( နောက်ဆုံးအဆင့်)
မင်္ဂလာပါ ခင်ဗျား
အားလုံး စိတ်၏ ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့် စုံပါစေလို့ ဆုတောင်းပေးပါတယ်
ဒီနေ့ မနက် ခင်းဟာ ကျနော့်အတွက်တော့
အရမ်း လတ်ဆတ် လှပ လွန်းတယ်-
Tesla
Posted by Tesla at 11:29 PM |
Friday, March 16, 2007
Diary
ဒိုင်ယာရီရေ ကျေးဇူးပြုပြီး ငါ့မျက်လုံးတွေကို ခဏမှိတ်ခွင့်ပေးပါ-
ခဏမဟုတ်ဘူးဗျာ ဖြစ်နိုင်ရင် ခပ်ကြာကြာပေါ့-
ဘုရားသခင်က လူတွေဖန်ဆင်းတော့ ဘာဖြစ်လို့ နားမှာ မျက်လုံးတွေလို
အဖွင့်အပိတ် လုပ်နိုင်ခွင့် ထည့်မပေးတာလည်း-
နားတွေကိုဂွမ်းဆို့ရတာ ပင်ပန်းတယ်-
ဟောဒီမှာ ပူလောင်ခြောက်သွေ့လွန်း လို့ငွေ့ရည်ဖွဲ့နေကြပြီ-
ငြိမ်းချမ်းတဲ့ အတွေ့တခုကို မူးရင်မူးပါစေတော့ ဆိုပြီး ဆာလောင်နေသလား
ငါအခုမဝေခွဲတတ်တော့ဘူး-
ဖြည်းဖြည်းလျှောက်ရင်တော့ နှေးနှေးမှရောက်မယ်ဆိုတာသိပါတယ်-
ဒါပေမဲ့ ဟောဒီပုခုန်းပေါ်က အထုပ်ကြီးကလေးလှတယ်-
ခဏလောက် ပြစ်ချလို့ရမလား-
ဘယ်သူကထမ်းခိုင်းလို့လည်း-
ပြန်ကောက်ပြီးမှအေးဆေးသယ်ရင် နှစ်ဆလေးမှာလား-
တော်ပါပြီ ဒိုင်ယာရီရယ်-
ဟုတ်ပါတယ် ကို့ဟာကိုသယ်ခဲ့မိတာပါ-
တနေ့မှာတော့ ဆုံးရာရောက်မှာပါလေ-
ဒါပေမဲ့ တတောင်ပေါ်တတောင်ဆင့်တဲ့-
ကဲမပြီးကြသေးဘူးလားဗျာ-
အဲ့ဒီလိုက်ကာကြီးကိုသာချပေးပါတော့-
တံခါးများကိုဖွင့်ပေးပါတော့-
နေထွက်လာတဲ့ တံခါးကိုတော့ ထားခဲ့ဗျာ-
ဒိုင်ယာရီရာ ဒါကို တမ်းချင်းလို့တော့ မသတ်မှတ်ပါနဲ့
လွှမ်းချင်းလို့ဆိုရင်လည်းမှားတယ်-
အရမ်းပျင်းတဲ့ကောင်လို့စွပ်စွဲအုံးမှာ မလား-
ကြိုက်သလိုတာပြောတော့-
အော်- ငါဟာ အရမ်းညည်းတဲ့ ခိုတကောင်တဲ့လား-
တော်စမ်း-
ငါခဏ အနားယူတာ ခရီးလမ်းအဆုံးထိလျှောက်မှာပါ-
အရှေ့မှာတထောက်နားခွင့် ပန်းတိုင်တွေ ရှိတယ်-
ငါပင်ပန်းနေတာတော့ နားလည်ပေးသင့်တယ်-
ဒိုင်ယာရီရေ ကျေးဇူးပြုပြီး ငါ့မျက်လုံးတွေကို ခပ်ကြာကြာမှိတ်ခွင့်ပေးပါ-
နားတွေကိုဂွမ်းဆို့ရတာ ပင်ပန်းတယ်-
Tesla
လာလည်တဲ့လူတွေအားနာတယ်ဗျာ- ဒါကြောင့် ထုံးတမ်းစဉ်လာအရ- ဘာတင်ရမှန်းမသိသေးလို့ လွန်ခဲ့တဲ့ရက်က ဖိုရမ်မှာရေးခဲ့တာလေးတင်လိုက်တယ်- သူငယ်ချင်းတယောက်က တော့ အားပေးရှာတယ် မျက်လုံးတွေ အပြီးပိတ်လိုက်ပါလား အေးရောလေတဲ့- ဟီး
ကဲ.. ဘာတွေရေးထားတာလည်း ဆိုပြီး စဉ်းစားရတာပင်ပန်းရင်
ဟိုးအပေါ်က သောင်ပြင်မှာလွှတ်ထားတဲ့ ခွေးတွေ့တယ်မဟုတ်လား- အဲ့ဒါ ကျနော်ပါ-
Posted by Tesla at 2:56 AM |
Wednesday, March 07, 2007
Tomorrow
မနက်ဖြန်
“ညီမလေးရေ မနက်ဖြန်.. …..မင့်ကိုချစ်နေတာ ဆယ်လပြည့်တဲ့
နေ့ဆိုတာ ဖုံးဆက်တာပါ”
“အော်” တဲ့.....
ငါဟာသူမရဲ့ ပိုင်နက်ထဲကို အဲ့သလို
တံခါးမခေါက်ပဲဝင်ခဲ့မိတယ်..
ဘာလို့လဲဆိုတော့..
သူမဟာ အခန်းထဲရောက်နေတယ်လို့
တခါမှမတွေးခဲ့လို့..
ဒါမှမဟုတ်..
သူမနဲ့ ငါ့ရဲ့ကြားမှာ တံခါးတစ်ခုရှိတယ်လို့
ငါတစ်ခါမှ မစဉ်းစားခဲ့လို့ပေါ့.....
မရှိဘူးလို့ပဲ သတ်မှတ်တယ်.....
ဒါပေမဲ့ တစ်စုံတစ်ခုရဲ့ ပိုင်နက်ထဲကို ၀င်ဖို့ ထွက်ဖို့ဆိုတာက
သူ့ရဲ့ ၀င်ခွင့်ထွက်ခွင့် အသိမှတ်ပြု ခံရခွင့်တော့ လိုပါတယ်လေ
သူ့မှာလဲ ၀င်ခွင့် ထွက်ခွင့် ကိုယ်ပိုင်တံခါးမရှိခဲ့ရင်တော့
မနက်ဖြန်ဆို ငါ့ကိုချစ်တာ ဆယ့်တစ်လလောက်များရှိနေမလားလို့ပါ.....
ဘ၀မှာ အချိန်ဆိုတာ တော်တော်အရေးကြီးတယ်နော်..
ကိုယ့်မှာရှိနေတဲ့ ၀ီစကီပုလင်းကို မြန်မြန်ဖောက်ဖို့
ဘယ်တော့မှလက်မနှေးနဲ့တဲ့”
ဟဲမင်းဝေးရဲ့ အဲ့ဒီစကားကို ငါမေ့သွားခဲ့တယ့်.....
ဒီလိုပါပဲလေ..
ညီမလေးရေ မနက်ဖြန်ဆိုမင်းကိုငါချစ်တာ.................................
Tesla
Posted by Tesla at 6:15 AM |
Saturday, March 03, 2007
Hope (Two)
ခရေသည်(သယ်)
-ပန်းခရေ
အဓိပ္ပါယ်သတ်မှတ်ချက်အရ-
ဖြူစင်သော အဆင်းရှိသည်- မွှေးပျံ့သော ရနံ့ရှိသည်-
အဖူးသဏ္ဌာန်ရှိသော ပန်းတပွင့်ဖြစ်သည်-
ထို့ထက်လွန်သော ဂုဏ်သတ္တိမှာ သူမသည် အရွယ်လွန်၍ ကြွှေကျ
လာရခြင်းမဟုတ်ပါ- အလှပဆုံး ပွင့်အာထွက်နေသော အခြေနေ-
ရနံ့များ စတင်ပိုင်ဆိုင်ခွင့်ရသော အချိန်မှာပင် ခြွှေချ ပေးခဲ့ခြင်းဖြစ်သည်-
ခြောက်သွေ့ခဲ့လျှင်လည်း မွှေးပျံ့ စဲဖြစ်သည်-
လေအဝှေ့တွင် ခရေများ ကြွှေကျ၍ မြေခ လျှင်ဖြင့် ခြွှေချ ပေးသော
ခရပင်ကြီးအောက်တွင် လူစည်နေတော့သည်-
----------
ထိုအချိန်ဆိုလျှင်ဖြင့် ခရေပင်အောက်တွင် ခေါင်းမော့၍ ပန်းတပွင့်
ကျအလာကို စောင့်နေသည့် မျှော်လင့်ချက်တို့ဖြင့်ပြည့်လျှံနေသော
မျက်လုံးများစွာတို့သည် သားကောင်တကောင်ကို စောင့်ဖမ်းနေသည့်
အလားတောက်ပစွာ
ထိုနေရာတွင် တချို့က ခမောက်ခံ၍စောင့်သည် တချို့က၀ါးလုံးကို သုံးချမ်းခွှဲ၍
ခမောက်ကို ကြားညှပ်ကာ သူများထက် နှာတဖျားသာရန် စောင့်သည်-
တချို့က ထို့ထက်ရှည်သော ၀ါးလုံး- တချို့ကပို၍ လျှင်မြန်သွက်လက်သော
လှုပ်ရှားမှု- တချို့ကမျက်စိရှင်မှုများနှင့် ယှဉ်ပြိုင်နေကြသည်-
အားလုံး၏ ဦးတည်ချက်က ခြွှေချမည့် ခရေ အကျပင်- သို့သော် ခရေသည်
သနားညှာတာ တတ်သည်ထင်၏- ခွန်အားသုံး အနိုင်ယူမှုကို ဆန့်ကျင်တတ်
သည်
ကြွှေ၏-
ရတတ်၏-
နေသူများ၏ လှုပ်ရှားမှုကို စောင့်ကြည့်၍ ခေါင်းမော့စောင့်သူ ရွေ့သည်နှင့်
ထ၍
လေငြိမ်နေသော
အနားကပ်လာမှ
အိမ်ပြန်ချိန်ရောက်သည်နှင့် ရရှိသော အရေတွက်သည် ဆတူလောက်ပင်-
----------
ကျနော်ခေါင်းမော့ နေရသည်မှာ တော်တော် ညောင်းနေပြီ- တခါတရံ
အတန်းထဲမှ စာပြိုင်ဘက် ကောင်မလေး ဖြတ်လျှောက်သွားလျှင် ပင်စည်ကြီးနား
ခဏ၀င်ပုန်းရန် မဲတင်း၍လည်း နေရသည်- အပေါ်ကိုမော့၍ စောင့်သည်-
ညောင်းလျှင် လမ်းပေါ်သို့ မသိမသာ ကြည့်ရန် အာရုံလည်းလွှင့်
ထားရသေးသည်- မှောင်ရီပျိုးလာပြီ- အချိန်တန်သောကြောင့် အိမ်ပြန်တော့မည်-
အခုချိန်ဆိုလျှင်
လေးကို
မနက်ဖြန် ဈေးထဲသွားရောင်းရန် ဖြစ်သည်- အိမ်ပြန်လမ်းသည် ခရေနံ့တို့
သင်းပျံ့လှသည်-
လှပသောအဆင်းကြောင့်
ကျနော် သိထားပါသည်-
----------
တရံတခါက ခရေတချို့သည် ကလေးတယောက်၏ မျှော်လင့်ချက်များ
အဖြစ် ကမ္ဘာမြေပေါ်သို့ ကြွှေချပေးခဲ့ ကြဘူးသည်-
ခရေသံကြားရယုံ ခရေနံ့ရှိုက်ရယုံ ခရေကိုမြင်ယုံ မျှနှင့်ပင် တခါက ခရေည
များသည် ခြောက်ခြောက်သွေ့သွေ့ နှင့် မွှေးပျံ့နေစဲပင်-
ပန်းခရေ..
နွမ်းကြေနေလေသော်မှ…
ရနံ့ရယ် မပြေ…..
ပါတကား.
TeslaPosted by Tesla at 1:19 PM |