Wednesday, March 07, 2007

Tomorrow







မနက်ဖြန်

“ညီမလေးရေ မနက်ဖြန်.. …..မင့်ကိုချစ်နေတာ ဆယ်လပြည့်တဲ့

နေ့ဆိုတာ ဖုံးဆက်တာပါ”

“အော်” တဲ့.....

ငါဟာသူမရဲ့ ပိုင်နက်ထဲကို အဲ့သလို

တံခါးမခေါက်ပဲဝင်ခဲ့မိတယ်..

ဘာလို့လဲဆိုတော့..

သူမဟာ အခန်းထဲရောက်နေတယ်လို့

တခါမှမတွေးခဲ့လို့..

ဒါမှမဟုတ်..

သူမနဲ့ ငါ့ရဲ့ကြားမှာ တံခါးတစ်ခုရှိတယ်လို့

ငါတစ်ခါမှ မစဉ်းစားခဲ့လို့ပေါ့.....

ရှိခဲ့ရင်တောင် ၀င်ခြင်းနဲ့ ထွက်ခြင်းဟာ ခရီးအတူတူ ပဲဖြစ်လို့

မရှိဘူးလို့ပဲ သတ်မှတ်တယ်.....

ဒါပေမဲ့ တစ်စုံတစ်ခုရဲ့ ပိုင်နက်ထဲကို ၀င်ဖို့ ထွက်ဖို့ဆိုတာက

သူ့ရဲ့ ၀င်ခွင့်ထွက်ခွင့် အသိမှတ်ပြု ခံရခွင့်တော့ လိုပါတယ်လေ

သူ့မှာလဲ ၀င်ခွင့် ထွက်ခွင့် ကိုယ်ပိုင်တံခါးမရှိခဲ့ရင်တော့

မနက်ဖြန်ဆို ငါ့ကိုချစ်တာ ဆယ့်တစ်လလောက်များရှိနေမလားလို့ပါ.....

ဘ၀မှာ အချိန်ဆိုတာ တော်တော်အရေးကြီးတယ်နော်..

ကိုယ့်နားရောက်နေတဲ့ မိန်းမချောလေးကို မြန်မြန်နမ်းဖို့ရယ်

ကိုယ့်မှာရှိနေတဲ့ ၀ီစကီပုလင်းကို မြန်မြန်ဖောက်ဖို့

ဘယ်တော့မှလက်မနှေးနဲ့တဲ့”

ဟဲမင်းဝေးရဲ့ အဲ့ဒီစကားကို ငါမေ့သွားခဲ့တယ့်.....

ဒီလိုပါပဲလေ..

ညီမလေးရေ မနက်ဖြန်ဆိုမင်းကိုငါချစ်တာ.................................

Tesla

 
Online -------> hits