Sunday, April 22, 2007

10 Weird things about Me

ရန်မကုန်သူ က ကစားနည်းတစ်ခု tag တယ်ဆိုလို့ ကစားလိုက်ရပါတယ်..

ရေးရမှာကတော့ ကိုယ့်ရဲ့ ထူးဆန်းသော အပြုမူအကျင့်များ (သို့) စိတ်ကူး (သို့) ပုံမှန်မဟုတ်သော အလေ့အထ များကို ဆယ်ခု ရေးချရပါမယ်တဲ့.. ပြီးရင်တော့ ကိုယ့်ရဲ့ မိတ်ဆွေ သုံးယောက်ကို လည်း ပြန် Tag ရပါမယ်.. Tag ပြီးသား လူကို ထပ် Tag လို့မရပါဘူး.. (သူပြောတာကတော့ ခြောက်ယောက်တဲ့ များလို့ တ၀က်လျှော့ လိုက်တာ- အဲ့လို စည်းကမ်းမလိုက်နာချင်တဲ့ ၀သီက အင်ထရို အချက်တခု ဟူ၍မှတ် )

၁) ဘာဖြစ်လို့များ လူဖြစ်လာရတာလည်း လို့ အဆင်မပြေတိုင်း ခဏ ခဏ စဉ်းစားမိနေတယ်. (ကြောင်တာ ကြောင်တာ)
၂) သဲနည်းနည်းရှိတဲ့ သံမံတလင်း ပေါ်ကို ဖိနပ် မပါပဲ ဘယ်လိုမှ လျှောက်လို့မရဘူး မဖြစ်မနေ ဆိုရင် အသက်အောင့် မျက်စိမှိတ် ခြေဖျားထောက် ပြီးမှ ပြေးတယ်-
၃) ဂိမ်းဆော့တဲ့ အခါ ကားမောင်းတဲ့ အခါ စကားနိုင်လုတဲ့ အခါ ကိုယ့်ထက် ဘယ်လောက်ငယ်ငယ် ဘယ်လောက်အတွေ့ကြုံနုနု ဘယ်တော့မှ အလျှော့မပေးဘူး. (ဟွန်း)
၎) သိပ်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကား ကြည့်ရတဲ့အခါ ၀မ်းအလွန် နည်းစရာကောင်း ပြီး ဇာတ်နာနေရင် ပုံမှန်ပါပဲ ဒ်ါပေမဲ့ အဲ့ဒီ ဇာတ်ကားရဲ့ ဇာတ်ပေါင်းခန်း ၀မ်းသာစရာ အခြေအနေ တွေကိုရောက်ရင် မျက်ရည် တခါတခါ ကျချင်သလိုလိုဖြစ်တယ်- တခါတခါကျတယ် ဟီး (အော် ကစားနည်းကလည်း ကို့ပေါင် ကိုလှန်ထောင်းရ သလိုပါလားကွယ်)
Tom & Jerry နဲ့ Cartoon ကားတွေကိုလည်း အခုအရွယ်ထိ ကြိုက်တုန်းပဲ ကြည့်တုန်းပဲ.
၅) စကားကြီး စကားကျယ် ပြောပြီး စတိုင်ကလည်း အရမ်းမိုက် နေရင် အသလွတ်ကို အမြင်ကတ် နေတာ (ကို့ထက်သာ မနာလိုဆိုတာမျိုး များလား)
ဆင်းရဲတဲ့လူတွေကို သနားတယ် ချမ်းသာတဲ့သူတွေကို အလိုလို အမြင်ကတ်တယ်. (ချမ်းသာတဲ့ သူတွေကို သနားတတ်အောင် ကြိုးစားရမယ်ဆိုတာတော့ စိတ်ကူးထားပါတယ်လေ)
၆) မနက်ကို ကော်ဖီသောက် ပြီးမှ အိမ်သာ တက်တတ်တယ်.. အိမ်သာ မတက်ရသေးခင် ဘယ်တော့မှ ရေမချိုးဘူး. ရေချိုးပြီးရင်လည်း အိမ်သာတက်မရတော့ဘူး အဲ အချိန်နောက်ကျ လို့ မနက်အိမ်သာ မတက်ခဲ့ရရင် အဲ့ဒီတနေ့လုံး ရုံးမှာ နေလို့ အဆင်မပြေဘူး. ကိုယ့်ဟာကို မသန့်သလိုမျိုး ခံစားရတယ်.. စာအုပ်တအုပ် လောက်မှမပါဘဲနဲ့ လည်း အိမ်သာမတက်တတ်ဘူး.. ပြဿနာက ပေါက်ကွဲလု ဖြစ်နေရင်တောင် မရရတဲ့ ဖတ်စရာ စာတခုတော့ မဖြစ်မနေ ရှာပြီးယူသွားတယ်.
ရ) မကောင်းမှန်းသိရက် နဲ့ တေ့ပြီး လုပ်တဲ့ အကျင့်ကို အခုထိ ပြင်မရသေးဘူး. (မဖြစ်မနေ အခြေအနေမှ Adrenaline ထွက်တာတို့ ရိုးရိုးကြီး လုပ်ရတာ ပျင်းလို့ ခက်ခက်ခဲခဲ အခြေနေ ရောက်မှ ထလုပ် တာတို့ အဲ့ဒီ ဆင်ခြေတွေကို တယောက်ယောက်က လာအပြစ်တင်ရင် ပြောတယ်)
၈) ပုံမှန်အားဖြင့် စိတ်ကူးထဲတောင် ပေါ်မလာတဲ့ နေရာတွေကို တခါတလေ ရာသီဥတု သာယာရင် (စိတ်ကူးပေါက်ရင်) တယောက်ထဲ ထသွားတယ်.
၉) သူများတွေ စိတ်လျှော့ လိုက်ပြီဆိုမှ အဲ့ဒီအလုပ်ကို အားသွန်ခွန်စိုက် ထလုပ်တယ်.
နောက်ကွယ်က လုပ်ရမဲ့ အလုပ်မျိုးတွေကိုပဲ လုပ်တယ် (အရင်းနှီးဆုံးသူတယောက်တကော့ ပြောဖူးတယ် ဒါမျိုးတွေးရအောင် နင်က ကားလိုဟာမျိုးတခုခု ကို တီထွင်တဲ့ သူမှမဟုတ်တာတဲ့.. ဟုတ်သားပဲ.. အမှန်တော့ ရှေ့တန်းမထွက်ရဲတာပါ :P)
၁၀) သီချင်းတပုဒ်ကို ကြိုက်မိရင် အဲ့ဒီတပုဒ် ထဲကိုပဲ Repeat လုပ်ပြီး နားထောင်တယ် ရက်ပေါင်းများစွာ လပေါင်းများစွာထိ ဒါပဲ.. အိပ်ရာဝင်ရင် နားထောင်တဲ့ အခွေလည်း တခွေထဲပဲ. လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက အခုထက်ထိ အဲ့ဒါပဲ ဖွင့်တယ်. စိတ်ကြည်လင်တဲ့အခါ စံပါယ်ပန်း ငါးကုံးလောက်ဝယ် အိပ်ရာပေါ်ခြွှေချ ပြီးအိပ်တတ်တယ်..

ဘောနပ်စ်တချက် ထပ်ထည့်လိုက်တယ် အခုအသက်ကြီးလာလေလေ ကောင်မလေး လှလှလေးတွေကို ပေါ်တင် ငမ်းရဲလေလေ ဆိုတာသတိထားမိတယ် :P

ကဲ.. အထုပ်များကို ဖြေချလို့ ပြီးပါပြီ.. ဒီတော့ စည်းမျည်းအရ နောက်သုံးယောက် ကို ထပ် Tag လိုက်ပါပြီ..
၁) မအိမ့်
၂) မဂျစ်
၃) ဘာညာ

-လိုက်မရေးလို့ မော်ဒယ်ဂဲတယောက် ဂတုံးတုံး ပြီး သီလရှင် ၀တ်လိုက်ရသတဲ့-
-လိုက်ရေးတဲ့ ကောင်လေးတယောက် ကို ရည်းစားက ရှင့်ကို မုန်းလိုက်ပြီ လို့ ပြောသတဲ့ (အရမ်းဝမ်းသာ ဆိုပဲ)

Tesla

 
Online -------> hits