Saturday, April 07, 2007

Diary (one)


“မင့်ကိုကြည့်ရတာ အခုပဲ အငွေ့ထပျံတော့မဲ့ ပုံစံနဲ့”ဆိုလို့ နှင့်ဆီကို စာထပ် ရေးလိုက်တယ် ဒိုင်ယာရီ… အားတော့နာပါရဲ့ စိတ်တွေ အစာမကြေတိုင်း နင့်ဆီကိုလာလာပြီး အံချရတာကို.. အံဖတ်တွေထဲမှာ သွေးညှီနံ့ တွေတော့မပါလောက်ပါဘူး ကြောက်ရွံမှု တချို့ တရားကျမှု အတွေးတွေနဲ့ အထီးကျန်မှု တွေကသာ အချိုးမကျတကျ ပါနေပါလိမ့်မယ် ဒိုင်ယာရီရယ်… ဒါပေမဲ့ လှတပတ ဖြစ်အောင် အတတ်နိုင်ဆုံးတော့ ငါရောစပ်ထားပေးပါတယ်… ဒီရေဆိုတာ တက်ပြီးတော့ ပြန်ကျသွားတာ ဒါထူးဆန်းလားတဲ့…. ကြမ်းကြမ်းတမ်းတမ်း မလုပ်ဖို့ ပဲငါပြောတာပါ….. ငါ့နှလုံးက သိပ်မကောင်းဘူးလေ….. မိုးရွာထဲမှာ ထီးမပါဘဲ လမ်းလျှောက်ရတာ အရသာတော့ ရှိပါရဲ့ ဒါပေမဲ့ မိုးကြိုးမပစ်အောင် ဆုတောင်း နေရတာ တခါတခါ သိပ်မမိုက်ဘူး….. မိုးဆက်တိုက်ရွာရင်လည်း အအေးမိနိုင်တယ်မဟုတ်လား….. ခန္ဓာကိုယ်ဆင်းရဲမှ ၀ိဥာဉ်ထက်မြက်မှာ ဟုတ်လား.. ကဲပြော.. ၀ိဥာဉ်ဆင်းရဲခံရင်ကော ခန္ဓာကိုယ်ကထက်မြက်အုံးမှာလား….. တချက်တချက်ဆို မြေမြုပ်ထားတဲ့ အတောင်ပံတချို့ က ရှင်ပြန်ထမြောက်ချင်နေသေးတယ်… မာလာငွေ ကန်ရေအေး နဲ့ ဌက်တေးက ဘယ်တော့မှလာမှာလည်း….. စောင့်နေတာ မိုးမရွာတဲ့ ရာသီ ခြောက်ခါတောင်ရှိပြီ…… မိုးရယ်ရွာပါတော့….. အခွင့်ရေးရရင်တော့ သွားမေးဦးမယ် ကယ်တင်ဖို့အတွက် များဘာလို့ သက်သက်ဖန်ဆင်း တာလည်းလို့.. ဒီမှာဖြင့် ကစားကွက်ထဲမှာ ပြူးလို့ ပြာလို့… ရှုပ်နေတာပဲ.. ကိုမျိုးကျော့ရဲ့ လူဖြစ်ရတဲ့ ဒုက္ခက ဟောဒီနားထဲကကို မထွက်ဘူး….. ဒိုင်ယာရီရယ်.. တတိယအဆင့် ရုန်းထွက်ခြင်းဟာ အသုံးဝင်ပေမဲ့ လို့ နေ့တိုင်းဖြစ်ဖို့ ခက်ခဲလှတယ် ခက်မှာပေါ့လေ နောက်ဆုံးအဆင့် မဟုတ်လား… ဖြစ်နိင်ရင် မော်ဖင်းကို ဒရစ်ပ် ချိတ်ပြီး အတောင်ပံတစင်းနဲ့ အေးအေးငြိမ့်ငြိမ့် မိုက်မိုက်ကန်းကန်းပဲ ဒီဘ၀ကို အဆုံးသတ်ပြစ်လိုက်ချင်တာ…… အော်.. လူ့ဘ၀ကို ဘယ်လို လျှောက်လှမ်း ရတယ် ဆိုတာ ငါအခုထိ မရိပ်မိသေးဘူးကိုး… ဒိုင်ယာရီရေ တကယ်ပါ ငါ အနန္တကို မလိုချင်ဘူး.. ကြာသာပတေး ကိုလည်းမလိုချင်ပါဘူး. ငါ့ဘ၀ကို ပဲ ငါ့ကိုပြန်ပေးပါ.....

Tesla

 
Online -------> hits