Monday, April 30, 2007

Our Hope

ဒါတို့ပြေ.. ဒါတို့မြေ… တို့ပိုင်တဲ့မြေ….

နားထဲတွင် နိုင်ငံတော် သီချင်းလေး ကို ကြားယောင် နေမိပါသည်-

ဟုတ်ပါတယ် ဒါဟာ ကျနော်သာမက ကျနော်တို့ပိုင်တဲ့ မြေပါ- ကျနော်တို့ပိုင်တဲ့ ရေပါ- ကျနော်တို့ကို နိုင်ငံသား တယောက် ဖြစ်ကြောင်း အသိအမှတ် ပြုပေးတဲ့ နေရာပါ- ဒီတော့ ကျနော်တို့မြေ ကျနော်တို့ရေ အတွက် ကျနော်တို့ခံစားချက် ကျနော်တို့အမြင် ကျနော်တို့နိုင်ငံရဲ့ အခက်အခဲများ ကို လွတ်လပ်စွာ ချပြခွင့် ကျနော်တို့မှာ ရှိမည်ဟုထင်ပါသည်-
အစစ အရာရာ အဆင်ပြေချောမွှေ့မှု ဆိုသည်မှာ ခက်ခဲပါသည်- ပုံမှန်အားဖြင့်မူ လုံးဝမရှိ ဟူ၍တောင် ပြောလို့ရနိုင် ပါသည်- သို့သော် ဘာဖြစ်လို့ ရေးကြရတာလည်း ဆိုရင်ဖြင့် ကျနော်တို့ နိုင်ငံသည် ကမ္ဘာ့အလည်တွင် မားမားမတ်မတ် ရပ်တည်နေနိုင်သည့် အခြေနေမရှိပါ- ဆင်းရဲနွမ်းပါးသော နည်းပညာ ချို့တဲ့သော နိုင်ငံတနိုင်ငံအဖြစ်သာ ကမ္ဘာ့အလည်တွင် သိမ်ငယ်စွာ တည်ရှိနေပါသည်- မည်သူမျှ ငြင်းမည် မထင်ပါ-
ကျနော်တို့သည် ထိုဆင်းရဲသော အဆင့်တန်းမရှိသော ဟု တခြားသူများ သတ်မှတ်သည်ကို ရင်နာစွာဖြင့် ခေါင်းငုံ့ နားထောင်ခဲ့ရသည်မှာ ခံစားခဲ့ရသည်မှာ တော်တော်ပင် ကြာခဲ့ပါပြီ- မှန်ပါသည် လူတန်းစေ့အောင် ပင် နေနိုင်ရန် ခက်ခဲသော ကျနော်တို့နိုင်ငံသား တော်တော်များများ တွေ့နေရသည်-
ကျနော်တို့ဘာလုပ်ပေး နိုင်ခဲ့ပါသလဲ- မခံခြင်စိတ် ၀မ်းနည်းစိတ် များတော့ သေသေခြာခြာ ပင် ရှိခဲ့ကြပါသည်- ထို့ထက်ပို၍ ကျနော်တို့ အသုံးကျအောင် နေခြင်းသည် မြန်မာနိုင်ငံသား တယောက် အသုံးကြသည် ဆိုသလောက်သာ အလွန်ဆုံး တတ်နိုင်ခဲ့ပါသည်- ထိုအဆင့်ထက် ကျော်လွန်အောင် ပေးဆပ်နိုင်ရန်မူ ကျနော်တို့အတွက် အန္တရာယ်ရှိကောင်း ရှိနိုင်သည့် အုပ်ချုပ်သူသဘောမတွေ့စေမည့်ု စာမျိုးအား တခါတရံ ရေးမိပါလိမ့်မည်- သို့သော် ထို အန္တရာယ်များသည် နိုင်ငံတော်အပေါ် ကျနော်တို့ ထပ်ပေးစပ်ချင်သည့် နိုင်ငံသား တယောက်၏ ၀တ္တရားထက် ပိုသော တာဝန်များ ဖြစ်သည် ဟူ၍ သာလက်ခံထား သင့်သည်-
နိုင်ငံတနိုင်ငံ ၏ ဆင်းရဲမှုသည် နိုင်ငံရေး ပညာရေး ကျန်းမာရေး စီးပွားရေး ပေါ်တွင် မူတည်သည် ဟူ၍ အကြမ်းမြင်း သတ်မှတ်၍ရသည်- ထိုအရေးများ ထဲမှ နိုင်ငံရေး ဆိုသည့် အာဏာယူခြင်း အုပ်ချုပ်ခြင်းများ ကိစ္စမှာ သာမန်ပြည်သူများ လိုက်စဉ်းစား၍ မမှီအောင် ကျယ်ပျံ့သော်လည်း ကျန်အရေး ကိစ္စများမှာမူကား ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက် သောကြောင့် နိုင်ငံတော်၏ အရေးဟူ၍ သတ်မှတ်ပါသည်- ပြဿနာ များနှင့် ပြည့်နက်နေသော နိုင်ငံတနိုင်ငံ အတွက် ကျယ်ကျယ်ပျံ့ပျံ့ အကျိုးထိရောက်ရန် အခြေခံကျစွာ ၀ိုင်းစဉ်းစားကြသောအခါ ထိုနိုင်ငံတော်အရေးများ အားလုံးသည် နိုင်ငံရေး၏ ရေသောက်မြစ် မှ ဖြစ်ပေါ်လာသည်ကို တွေ့လာရပြန်သည်- ထို့ကြောင့် နိုင်ငံတော်အကျိုးအတွက် ရေးသားချက်များသည် အုပ်ချုပ်သူ ကန့်သတ်ထားသောစည်းထဲသို့ တချက်တချက် ရောက်ခဲ့မိပါက ကျနော်တို့နိုင်ငံတော် အတွက် ရောက်ခဲ့ခြင်းသာလျှင် ဖြစ်သည်ဟု ခံယူသင့်ပါသည်- အုပ်ချုပ်သူများကလည်း ထိုကဲ့သို့ နားလည်ပေးသင့်သည် နားလည်ပေးမည်ဟုလည်း မျှော်လင့်ပါသည်-

Tesla

 
Online -------> hits