ဝေ လေ လေ...
ကဲ- ဘာတင်ရမှန်းမသိလို့- ဖိုရမ်မှာ ဝေ လေ လေ ဆိုတာ ဘာလည်းပြောကြတော့
ကျနော်ရေးထားခဲ့တာ- ထုံးစံအတိုင်းပေါ့အေ- ဖတ်ပြီးရင်လည်း ထပ်ဖတ်-
အဟတ်-
ပုံပြင်လေး ကြားဖူးတယ် နားထောင်-
ဟိုး တုန်းက ရွာတရွာ မှာ ဇာတ်မင်းသား လုပ်ဘို့ အင်မတိ အင်မတန်မှ
ဝါသနာပါ တဲ့ သူဌေးသား တယောက် ရှိတယ်တဲ့ ( ဇာတ်ရူးပေါ့ဗျာ )-
တနေ့မှာ ရွာထဲကို ဇာတ်သဘင် တခုလာ က. တော့ မိဘတွေ တားမြစ်တဲ့
ကြားက အဲ့ဒီဇာတ်ထဲကို ဇွတ်မှိတ်ပြီး လိုက်သွားသတဲ့-
(တနေ့ ဇာတ်မင်းသားလုပ်မယ်ပေါ့လေ)
အဲ့လိုနဲ့ ဇာတ်ထဲမှာ ဘ၀ကိုနှစ်မြုတ် နယ်တကာလှည့် လှယ် လာလိုက်တာ
လေးငါး ခြောက်နှစ် လောက်လည်း ကြာရော
သူတို့ရွာမှာ ပြန်ကရမယ့် အလှည့် ရောက်လာတာပေါ့-
မိဘတွေကတော့ ဟဲ့ ငါ့ သားလေး ပါတဲ့ဇာတ်-
ဒီကောင်လည်း ဇာတ်ထဲ လိုက်သွားတာ အတော်ကြာဆို တော့
မင်းသားလားဟဲ့ ဒါမှမဟုတ် ဇာတ်ရံလား ဟဲ့ ဘာလားဟဲ့ ညာလားဟဲ့ ဆိုပြီး
ရင်တွေဘာတွေခုန် ရွာထဲမှာ ခေါင်းမော့ ရင်ကော့ ပြီး ရှောက်ကြွား
ဒါမှငါ့သားဆိုတဲ့ အထာနဲ့ပေါ့ လေ- (ခံရတော့မယ်)
ကဲ အဲ့လိုနဲ့ ည ရောက်လာတော့ စတိတ်ရှိုး စ -မပါ-
“အော်ပရာမင်းသား နေမှာပေါ့အေ”
(အမေကပြော ဒူးထောင်၍ဆေးပေါ့လိပ် ကိုဆက်ဖွာ)
အော်ပရာ စပြီ -မပါ-
“ပြဇာတ်မင်းသား လား ဟဲ့” -မပါသေး-
(အမေမျက်နှာ အနည်းငယ် မဲ့လာ)
သူ့ဖေက “ဒီကောင်နဂို တည်းက ဇာတ်မင်းသား လုပ်ချင်တာကွာ
နှစ်ပါးသွားမှာ တော့ပါမှာပေါ့” ဟုနှစ်သိမ့်-
နှစ်ပါးသွား စ ရှေ့ထွက်မင်းသား က -မပါ-
(အဖေက မျက်မှောင်ကျုပ် ၍စဉ်းစား ဒီကောင်နှစ် အနည်းငယ်နဲ့
ခေါင်းဆောင် မင်းသားများ ဖြစ်သွားရော့ သလား)
ခေါင်းဆောင်မင်းသား ထွက်ပဟ -မဟုတ်-
“တောက်”
(အဖေအနည်းငယ် တင်းလာ - သက်ပြင်းပြန်ချ နောက်ပိုင်း
ဇာတ်ထုပ်ကျန်ပါ သေးတယ်လေ)-
ဟော စပြီဗျာ နောက်ပိုင်းဇာတ် -မတွေ့ပါ-
(အပြင်၌ အာရုဏ်သန်းလာ အမေမှာ ကား မျက်နှာမှာ ဇီးရွက် မှိုင်းညို မို့လျက်
ခေါင်းငိုက်စိုက်ကျလျက် စိတ်ပျက် လက်ပျက်-အဖေက အမေ့ဘက်သို့
မသိမသာကြည့် ဇာတ်ခုန်ပေါ်သို့ကြည့် ဟိုကြည့် ဒီကြည့် နောက်-
ပွင့်အန်ထွက်ကျ (စိတ်ထဲမှ) )
ေ+ြး မသား-
မိုးလင်းလာပြီ အားလုံးစိတ်ရှော့လိုက်ပြီ- ဇာတ်ထုပ်မှာလည်း
ဘုရင်ကြီးသည် အားလုံးကိုနိုင်သွား၍ ဇာတ်ပေါင်းပြီး နန်းသိမ်းပွဲ ကျင်းပနေပြီ-
ထိုအချိန်၌ ရွာသူတယောက်မှ အော်လိုက်သည်-
“ဟာ ဟိုမှာ ကိုရင်တက်စလာ ကြီးတော့”
(အားလုံးဇာတ်ဆင်ပေါ်သို့ အာရုံ စိုက်ခါ ပြူးတူး ပြဲတဲ ကြည့်ကြ
သူတို့ရွာသားကိုရှာကြ)
ဇာတ်မှာကား နန်းသိမ်းပွဲ ကျင်းပနေသောကြောင့် ဇာတ်ထဲမှာရှိသမျှ လူများ
လူကြီးကလေး ကားလိပ်ဆွဲ (အို လှည်းနေ လှေအောင်း မြင်းစောင်း မကျန်)
ထွက်လာကြ.
ထို့နောက် ဘုရင်ကြီးက သံလျက်ကြီးအား ၀င့်လျက်-
“ဒို့လူကလေး များ ဆိုသလေး လေ”
ဟုပြောသောအခါ- လူအားလုံး ၀ိုင်းအော်ကြသည်မှာ ဤသို့------
“ ဝေ လေ လေ……………”
နောက်ဆက်တွဲ သတင်း-
ဝေ လေ လေ ဆိုသောအသံ နှင့် ရောပါသွားသော
စိတ်ထဲမှ မဟုတ်တော့သော ဖခင်၏ အသံကိုဖြင့်
မည်သူမျှ မကြားလိုက်ကြ ဟု သတင်းရရှိပါသည်-
ကျနော်သိတဲ့ ဝေလေလေက အဲ့သလို.. ညောင်ပင်တစ္စေ လို့ တယောက်က
တိုင်ပေးလိုက်ရင် ကျန်တဲ့ လူအများကြီးက ဝေလေလေ ဆိုပြီး လိုက်အော်ရတယ်.
ထင်ထင်ပေါ်ပေါ် မဟုတ်ပဲ လူအများကြီး နဲ့ ရောင်ဝါးလိုက်ရတဲ့ သဘောပေါ့-
Tesla in way lay lay? right! It's so good.
Life is too short, have fun.
|