Saturday, February 10, 2007

Peoples, Positions & Places

ရည်ရွယ်ချက်မဲ့ ဒေါသကြီးသူများ

-ဗျို့ ဆရာဝန်ကြီး.. ဘယ်သွားမလို့လဲဗျာ.
ဒီနေရာမှာ..
ဆေးကုမဲ့သူမရှိလို့ သေဘို့စောင့် နေသူတွေ အများကြီး..

-ဗျို့ ဗိသုကာပညာရှင်ကြီး.. ဘယ်သွားမလို့လဲဗျာ.
ဒီနေရာမှာ..
တိုက်အဖြစ် ဘယ်တော့များမှ ပြောင်းရမလဲလို့ စောင့်နေတဲ့
တဲတွေ လည်ပင်းရှည် နေလေရဲ့..

-ဗျို့ စက်မှုအင်္ဂျင်နီယာကြီး.. ဘယ်သွားမလို့လဲဗျာ.
ဒီနေရာမှာ..
လယ်ထွန်ရတာ တော်တော်မောတယ်လို့ နွားတွေက ပြောနေကြပြီ..

-ဗျို့ ဓါတုဗေဒပညာရှင်ကြီး.. ဘယ်သွားမလို့လဲဗျာ.
ဒီနေရာမှာ..
ရေသန့်လို့ တံဆိပ်ကပ်ထားတာနဲ့
မယုံ့ တယုံ သောက်နေရသူတွေ တပုံကြီး..

-ဗျို့ လျှပ်စစ်စွမ်းအားအင်္ဂျင်နီယာကြီး.. ဘယ်သွားမလို့လဲဗျာ.
ဒီနေရာမှာ..
အနုပညာဆန်ဆန် သွယ်တန်းထားတဲ့ ဓါတ်ကြိုးတွေက
ခင်ဗျားကို လွှမ်းတယ်တဲ့..
လျှပ်စစ်မမြင် ဘူးသေးတဲ့လူတွေကလည်း မသေခင်
ဓါတ်ကြိုးအနုပညာလေးတော့ ခံစားချင်ပါသေးတယ်တဲ့..

-ဗျို့ ကျောင်းဆရာ.. ဘယ်သွားမလို့လဲဗျာ.
ဒီနေရာမှာ..
ဆရာမရှိ မိမိအလိုလို တတ်တယ်ဆိုတဲ့သူတွေတော့ မရှိဘူးဗျ..

-ဗျို့ IT ပညာရှင်ကြီး.. ဘယ်သွားမလို့လဲဗျာ.
အော်. မေ့လို့ သွားသွား ခင်ဗျားကိုမလိုသေးဘူး..
ဒီနေရာမှာ..
စက်မှုတော်လှန်ရေး ခုမှစတာ..

-ဗျို့ စာရေးဆရာ.. ဘယ်သွားမလို့လဲဗျာ.
အော်.. ခင်ဗျားလည်း သွားရင်သွားပါ..
ဒါပေမဲ့.. အင်္ဂလိပ်စာမတတ်သူတွေကပြောတယ်..
ခင်ဗျားဘာတွေ ရေးနေတာလည်းတဲ့..

-ဗျို့.. ခင်ဗျားဘယ်သူလည်း ? ဒီမှာဘာလုပ်နေတာလဲ ?
ဗျာ ? ………………. ဘာ? …………
အော်သိပြီ…
ဒါဆို သွားတော့.. ဒိုးတော့.. လစ်တော့..
ဝေးဝေးကြီးမှာ ပြေးသေလိုက်တော့...
(ခေါင်းမာတယ်.. ဒီလောက်ပြောတာတောင် ပေကတ်ကတ်နဲ့)

-နေသာတဲ့ တနေ့ ပြန်လာမယ် မပြောပါနဲ့..
ခင်ဗျားတို့ လာမှ နေသာရမဲ့ ဒီနေရာပါ..
လောလောဆယ်တော့
ဒီနေရာမှာ..
ဆာလောင်နေတဲ့ ၀မ်းဗိုက်တွေရှိတယ်..
မျှော်လင့်နေတဲ့ မျက်ဝန်းတွေရှိတယ်..
ပန်းတိုင်ပျောက်နေတဲ့ ကလေးတွေရှိတယ်..

-ဗျာ.. လေသံမာတယ်…
ကျနော် ဘာကောင်လဲ…
ဟုတ်လား…
ကျနော် တစ္ဆေတကောင်ပါ.....
ဟုတ်တယ်.. တစ္ဆေတကောင်……….
သချို င်္င်းအဖျက် ခံရတဲ့ တစ္ဆေတကောင်ဗျ !!!!! ………

Tesla

ရေးထားတာ ဇာတ်နာတယ် ဆိုတာ ဟုတ်ပါတယ်-
ဒါပေမဲ့ စိတ်မဆိုးပါနဲ့ ဗျာ အဲ့လောက်ထိ မရည်ရွယ်ပါဘူး-
နိုင်ငံကိုမမေ့ဘို့ တပ်လှန့်ပေးတဲ့ သဘောလောက်ပါပဲ..
ဒီပတ်ဝန်းကျင်မှာတော့ အဲ့လောက် ဒေါသကြီးသူမရှိဘူးဆိုတာ သိပါတယ်-
ဟိုပတ်ဝန်းကျင်မှာရှိနေသေးလို့ပါ. နိုင်ငံချစ်ဘို့ မေ့နေတဲ့ သူတွေအတွက်ပါ..

For Mother Myanmar ; Hey! BarNyar also for your desire ;

 
Online -------> hits