Wednesday, February 07, 2007

Suspect Vs Suspect = ?

မှတ်ချက်=စား၍မပြတ်ပါးး အဖြေ=သရေးး အကြွှင်း=အလွှမ်းများ


-ပြဿနာ ရဲ့ အစက ငယ်ငယ်က ဆားပုလင်းနှင်းမောင်ကို ကြိုက်ခဲ့လို့ပဲ
ရှားလော့ဟုမ်း ရေ ဆောရီးဗျာ

-ငါပါးစပ်ဟ လိုက်တာနဲ့ ဘာပြောတော့မယ်ဆိုတာ မင်းသိခဲ့တယ်
မင်းခြေတလှမ်း ရှေ့တိုးတာနဲ့ ဘယ်အကွက်ရွေ့တော့မယ်
ဆိုတာလည်း အန်တင်နာတောင် ထောင်စရာမလိုပဲ ငါမိခဲ့တယ် ညို

-သိပ်တော့မဆန်းပါဘူး
တို့နှစ်ယောက်လုံး LOGIC GATE တွေအကြောင်း သင်ဘူးကြတာကိုး
ငါငယ်တုန်းက အဘိဓမ္မာကို တစ်ရာ ရအောင်ဖြေခဲ့တာတော့ မင်းမသိခဲ့ဘူး

-အဲ့ဒီနေ့က မိုးမရွာဘူးဆိုတာသေချာပါတယ်
ဒါပေမဲ့ မင်းရောငါရော မိုးကြိုးသံတွေနဲ့ ရွှဲရွှဲစိုခဲ့ကြတယ်
င့ါနှလုံးသားတွေ မိုးရေမပါပဲ မျောပါသွားခဲ့တာလည်း အတိအကျပါပဲ
ရေစုန်မျောတာပါလို့ မင်းထင်ခဲ့တာတော့ မတတ်နိုင်ဘူး

-ဒါပေမဲ့ ငါအခုလွှမ်းရပါတယ် ညို
ဟိုနေ့က ဒိုင်ယာရီထဲမှာတောင် ချရေးမိတယ်
“ ဟိုး.. တောင်ထိပ်ဆီက ပြိုမလိုနဲ့ အုံ့မှိုင်းလာရင် ဖြင့်
ပိုလို့တောင် လွှမ်းမိပါသေးတယ် ညို…….” လို့

-သေချာတယ် မင်းသာဖတ်ဖြစ်ရင် မောင်စိန်ဝင်း(ပုတီးကုန်း)
ရဲ့ စာသားတွေ ခိုးချတယ်လို့ အားပါးတရ ပြောအုံးမှာ မဟုတ်လား
ဟား ဟား ဆိုပြီး

-စွပ်စွဲလိုက်စမ်းဘာ ညို ငါလည်းပြန်ပြောဘို့ ပြင်ဆင်ထားတယ်
“ဒါ.. ငါ့နှလုံးသား တောင်ထိပ်က အလွှမ်းမိုးရိပ်တွေ ပါ ညို…..” လို့
ညို………. သို့

Tesla

မှတ်ချက် ကား စားမပြတ်ခဲ့ပေ..
အဖြေသည် သရေ..
သို့သော် အလွှမ်းများကြွှင်းစေ..
ဒီကဗျာလေး အပြီးမှာ “မင်း ငါ့ကိုထားခဲ့သလား.. ငါကပဲထားခဲ့တာလား ”
ဆိုတဲ့ ကိုညီထွဋ္ဋ်ရဲ့ “ဘာလိုလိုပါ” သီချင်းလေးတင်ပေး ချင်သော်လည်း
Connection ကမကောင်း- : )

 
Online -------> hits