Sunday, February 11, 2007

Union Day

ပြည်ထောင်စုနေ့ (ဖေဖ၀ါရီလ ၁၂ ရက်)

-မေခ နဲ့ မလိခ ဆုံ စီးဆင်းရာ
ဂျိမ်းဖောတို့ရှိတဲ့ဌာနေ..
ညီအကိုများရှိတဲ့ ကချင်တို့ရဲ့မြေ…

-ဘီလူးချောင်းက ပေးတဲ့ရေအားချောင်းက
စည်းလုံးခြင်း ရဲ့ အလင်းများ အဖြစ်ပေါ်နေ..
ညီအကိုများရှိတဲ့ ကယားတို့ရဲ့မြေ…

-ဖားစည်သံ နားထဲချိုပျံ့လွင့်လာ
ဒုံးရိမ်းနဲ့မြုးကြွတဲ့ ဇွဲကပင် ဌာနေ..
ညီအကိုများရှိတဲ့ ကရင်တို့ရဲ့မြေ…

-လှမ်းကြည့်ရင် မဆုံးမဲ့ တောင်တန်းအလှက
တောင်ဇလှပ်ပွင့်တို့နဲ့ သက်သေ..
ညီအကိုများရှိတဲ့ ချင်းတို့ရဲ့မြေ…

-ရာမည လို့တွင်ခဲ့တဲ့ သမိုင်းတွေနဲ့
ယဉ်ကျေးမှု စအဖြစ်တည်တယ်လေ..
ညီအကိုများရှိတဲ့ မွန်တို့ရဲ့မြေ…

-ရှုဆုံးမ၀နိုင်တဲ့ သောင်ကမ်းအလှမှာ
ဆီမီးခွက်တွေ မျောကာနေ..
ညီအကိုများရှိတဲ့ ရခိုင်တို့ရဲ့မြေ…

-မိုးပြာတောင်တန်းကြီးနဲ့ မောရှမ်းအလှပေါ်
အိုးစည်သံ မိုးထက်ယံနေ..
ညီအကိုများရှိတဲ့ ရှမ်းတို့ရဲ့မြေ…

-တနယ်စီခြားနေလည်း ရင်မှာအမြဲတည်စဲ..
တောင်ပေါ်သားတွေ နဲ့ မြေပြန့်သားတွေမခွဲ..
ဘယ်သူခွဲမှာလည်း ခိုင်မာလက်တွေမြဲ..

-ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း သို့..
အမောအပန်းဖြေခွင့် အတွက် အေးချမ်းစွာရှိဘို့..
စည်းလုံးခြင်းအတွက် သီချင်းလေးတပုဒ်ရှိတယ်..

-ဟေး သွေးချင်းညီအကိုများ
စည်းလုံးခြင်းရယ်အင်အား..
သီချင်းလေးတပုဒ် ရှိတယ်..
သီချင်းလေး အတိုင်းစီးဆင်းကြမယ်……….

“စည်းလုံးခြင်းအတွက် သီချင်းတပုဒ် ”

တေးဆို- ဇော်ဝင်းထွဋ္ဋ် တေးရေး- စောခူဆဲ

ငယ်ငယ်ကတော့ ရေဒီယိုက လာသည့် တို့ပြည်ထောင်စု အလံတော်သည်
တလူလူ လွှင့်၍ လာနေပြီ ပြည်သူအပေါင်းလည်းပါချေ သည်…
ဒိန် တောင် ဒိန် တောင်.. ဆိုတဲ့ အသံကြားရတဲ့ အခါ
ဘာမှန်းတောင် မစဉ်းစားတတ် ပဲနဲ့ ၀မ်းသာပီတိ ဖြစ်ခဲ့ ရသည်-
ကဲ.. ခုတော့ ကိုညီထွဋ္ဋ် ပေါ့…

နားဆင်ရန်

Tesla

 
Online -------> hits