...there was no room for them (Joseph and Mary) in the inn...
~Luke 2: 7b
(( Kill all children below two years of age! ))
((( Yes... Sir.... )))
What has JESUS got to do with me?
Tuesday, December 23, 2008
Season's Greeting
Posted by Tesla at 9:50 AM |
Thursday, November 20, 2008
RE..O..BIRTH
No Lyric..
No Words...
Just Frequency (Through The Space)
To Listening Music From Radio.....
No Physical Attach..
No Dimension..
No Blood...
Just Mental Energy (Through The Space)
To Rebirth for New Life.....
Be Prepared For Broadcast.......
Tesla
Posted by Tesla at 8:17 AM |
Wednesday, October 22, 2008
Tuesday, October 07, 2008
Simple Life
တနေကုန် စုံချည်ဆန်ချည် လှုပ်ကြနေ..
ငါ. လေ. ရှေ့ဆက်ရမဲ့. မနက်ဖြန်.. အား. အသစ်… ရချင်သေး…။
နေရောင်ခြည်.. မဟုတ်လည်းပဲ..
ကြယ်စင်လောက်တော့ ငါ့ရဲ့လက်တကမ်းတွေ့..
ကိုယ်တတ်စွမ်းသလောက် အလင်းရောင် အနွေးဓါတ် ပေးခဲ့တယ်…။
ရွှေ.. ငွေ နဲ့ ဂုဏ်သိမ်ဒြပ်တို့..
မရှိ လည်း. နေနိုင်ပါတယ် တသက်လုံး.
အလိုအပ်ဆုံးက ဘ၀ကို အရိုးသားဆုံး နေဘို့..။
နာရီစက္ကန့်.. များက ရှားပါးလွန်းတယ် ကိုယ့်ဘ၀ကို စိတ်ကြိုက်နေလိုက်…
ရိုးစင်းလွန်းတဲ့ ဘ၀က အကောင်းဆုံးမို့….။
ကြယ်စင်လောက်တော့ ငါ့ရဲ့လက်တကမ်းတွေ့.. “
Posted by Tesla at 12:35 PM |
Friday, September 19, 2008
Black & White Age
PART (I)
Information Age
AD 2008
PART (II)
(PART III)
Age Of Black & White
AD 2500
Medical Center
ID (Name)= 1BZ992500
Date of Birth = 9 September 2500.
Fundamental Probability of AI = 60 %
Date of Death = 23 November 2542.
Information Age
AD 2008
ကမ္ဘာမြေပြင်
နာဆာ အာကာသစခန်းဌာန မှ အင်္ဂါဂြိင်္ုလ် ပေါ်တွင် သက်ရှိသတ္တ၀ါများ နေထိုင်သည်ဟု တရားဝင် ကြေငြာချက် ထုတ်ပြန်ခဲ့သည်…။
Tesla
Posted by Tesla at 2:16 PM |
Sunday, September 14, 2008
Rhythm of God
ပိုလာဝက်ဝံတကောင်အတွက်
ဘုရားသခင်ဟာ အမြဲတမ်း အေးခဲနေတဲ့
ပတ်ဝန်းကျင် တစ်ခု ဖန်တီးပေးထားခဲ့တယ်..။
မွေးကထဲက သေတဲ့အထိ ရေလုံးဝသောက်စရာမလိုပဲ
အသက်ရှင်သန်နိုင်တဲ့ ကန္တာရသမင် တကောင်ကို
ဆာဟာရထဲမှာ ပြစ်ချထားပေးခဲ့တယ်.။
လေမရှုတတ်တဲ့ ငါးတွေအတွက် ရေထဲမှာပဲ ကြီးပြင်းဘို့
စဉ်းစားပေးခဲ့တယ်..။
ငါးမျှားချိတ်ရယ် တူမီးတလက်ရယ် အစွယ်တငေါငေါရယ်
ဒီဟာရယ် ဟိုဟာရယ် နဲ့ စုံလင်လှစွာပဲ အရှုပ်ထွေးဆုံးသော
ပတ်ဝန်းကျင် တစ်ခု မှာ နေထိုင်စေလို့ လူဆိုတဲ့ သတ္တ၀ါ
တွေကို အမိန့်ချမှတ်တယ်..။
ဒါပေမဲ့ လူတွေက တော်တယ်တဲ့..
ီပိုလာဝက်ဝံကို အီကွေတာရာသီဥတု ရဲ့ တိရိစ္ဆာန် ရုံ တစ်ခုထဲမှာ
အအေးခန်း တစ်ခုဖန်တီးပြီးထားတယ်.။
သူတို့ကိုတိုင်လည်း အောက်ဆီဂျင် ပိုက်တွေ တပ်ဆင်ပြီး
လကမ္ဘာထဲထိ ရောက်အောင်သွားတယ်..
ပြောရရင်..
ဧည့်ခန်းထဲမှာ အလှဆင်ထားတဲ့ ရေထည့်သေတ္တာထဲက
ငါးတစ်ကောင် မြင်ဘူးတယ်မလား..။
အဲ့ဒီလူတွေက အားမရဘူးတဲ့ ထပ်တော်တယ်..
တော်ပြီးရင်းတော်တယ်..။
ပင်လယ် ကမ်းစပ်ရဲ့ ကမ်းပါးပေါ် မှာ လူတယောက်ဟာ
နေထွက်ရာ အရပ်ကို မျက်နှာမူပြီး လက်နှစ်ဘက် ကို ဘေးသို့ ဆန့်တန်းတယ်.
အဲ့ဒါ အရှေ့အရပ် ဖြစ်တယ်လို့ အော်ပြီး ပင်လယ်ပြင်ကို ဖြတ်တိုက်လာတဲ့
လေကို အားရပါးရရှုရှိုက်တယ်…
မားမားမတ်မတ် ရပ်ပြီးပေါ့လေ..။
ကမ္ဘာကြီးပေါ် မှာ မတ်မတ်ရပ်နေတယ် လို့ သူထင်တဲ့
သူ့ခန္ဓာကိုယ်ဟာ ကမ္ဘာ့ ၀င်ရိုးတန်းအပေါ်ကနေ
နှစ်ဆယ့်သုံးနှစ်ပိုင်း တစ်ပိုင်း ဒီဂရီ
တိမ်းဆောင်းနေသေးတယ် ဆိုတာကိုတော့ သူမေ့နေတယ်တဲ့..။
Tesla
Posted by Tesla at 12:20 PM |
Monday, September 01, 2008
The 6 Senses
ကထ္တီပါဖြူ အခါတရာ ထပ်ခင်းထားသော
ဇမ္ပူဒီပါ လက်ယာတောင်ကျွှန်း အမြင့်ဆီက.
တိမ်လွာခုနှစ်ဆင့် နှင်းပွင့်စီနန်းဆောင်ရဲ့
ပုလဲသီပလ္လင်မြင့်ထက်
တကွဲစီ ကြယ်စင်တွေ လွင့်ထွက်သွားခဲ့အောင်
ပွင့်အာသီ လှရက်အားတဲ့
ထိပ်ထားပါတဲ့ကွယ်..။
လသံစဉ်ခုနှစ်ပါးနဲ့
မဉ္ဖူသကမြချပ်ရံကို ရွှေတံချူ လက်တော်စွဲလို့
ဆွတ်မြဲယူမြဲ ရံဖန်ခါ ကစားတော်မူနေတုန်း
ထိပ်ထားရဲ့..
ခိုးခိုးခစ် ရီသံ အဆုံးမှာတော့
ငါ့အကြောအချင်အသည်းအမြစ် အကုန်လုံးလည်း
ဝါးရုန်းသုန်းကား ဖြစ်ပေါ့..။
ထိပ်ထားရယ်က….
မဉ္ဖူသက နတ်ပန်းကို ငြီးငွေ့တော်မူ.
ခရေဖြူဖြူ အကျကိုမှ
ချော့မြူကာ ဆော့ယူ ကစားချင်တယ် ဆိုလို့.
အော်..
နေထိမရ လစန္ဒာ ၀င်းဝင်းပအသားရယ်မို့..
ရံခြွေတော် တစ်ရာအပေါင်းတို့က ထီးမိုးကာ ပို့..။
ရွှေရွက်ထီးခြင်း အစပ်မှာ နဘေထပ်မညီပဲ
ဆီးရွက်ခန့် နေခြည်ပြောက်က စော်ကားစွာ ထိုးဖောက်
ထိပ်ထားရဲ့ နားသည်စပေါ် ကျရောက်တော့..
ရွှေအသားတော် ၀ါဝါ၀င်းက သွေးပင့်ကူမျှင် ယှက်သန်းလို့
ကြာဝတ်မှုန် ပွင့်ချပ်ကိုမှ နေစွတ်ယူဖြန်းသလိုရယ်နဲ့
နွမ်းနယ်တော်မူခဲ့တယ်..။
မျက်နှာတော် ပေါ်က စို့တွဲစု ချွှေးရည်ဥ လေးတွေကို
လက်နဲ့အသာအယာ သပ်ချပေးချင်သော်လည်း
မှဲ့သလို ၀င်းသလို ဖြစ်နေတဲ့
အသားတော် ပဲ့ကြွေမှာဆိုးလှတာမို့
မြပုလဲပန်း ၀တ်လွှာတွေအထက်က
နှင်းရည်စို စွတ်စွတ်လေးတွေ ရယ်သို့
အားနာတယ်.. လို့..။
မျက်နှာကျက်ဆီက လိပ်ပြာအတောင်ပံ တဖြတ်ဖြတ်ကြောင့်
လှိုင်းထလေ ရိုက်အခတ်ကိုတောင်
ထိပ်ထားရယ်က ချမ်းရှာတော် မူသတဲ့လေ..။
လိပ်ပြာလေဟပ်လို့
တိမ်ညွန့်ကိုယ်ကျပ်အကျီင်္ရဲ့ စိန်စီသော အရပ်နဲ့ .
ပိုးသားချည်မျှင်ပုဝါစကြား.
ဖြတ်ခနဲ အဟ အမှားမှာ..
ပုလဲသီ ပုတီးအောက်မှ
ခပ်မို့မို့် ရတနာ နှစ်ပါးရယ်က
လားလားမျှသတိတော် မပျက်သော်လည်း.
တ၀က်ခန့် လစ်သည်ကို မြင်ရတော့..
အာကာဘုံနတ်နန်းက လျှပ်ပန်းနွယ် အချင်းချင်း
တရွှမ်းရွှမ်း ကြမ်းကြမ်းတန်း ခွပ်လူးလိုက်တုန်း..
သောက်ရှုးကြယ် နှစ်ပွင့် ထင်းခနဲ ၀င်လင်းလိုက်သလိုမျိုး.
နှလုံးသွေးတဖြန်းဖြန်း ကွန့်မြူး တာရယ်ကြောင့်
ညိုးနွမ်းခွေမူးမြောသွားခဲ့လို့
ငါလေ…
ရူး.. ရော.. တဲ့.။
အဲ့လိုနဲ့..
တိမ်တိုက်ကပွဲရဲ့
ကလကာ ဆွဲအပိတ်မှာ
ဖိတ်ကျလာတဲ့ ဆဌမမြောက်အာရုံ တွေရဲ့ အားနဲ့..
ထိပ်ထားရေ..
ငါသေဆုံးသွားခဲ့ပြီ…။
Tesla
Posted by Tesla at 2:46 PM |
Sunday, August 24, 2008
Travellerrr..
ခရီး ကြမ်းသည်မို့
မောပန်းဟိုက် စဉ်ခါဝယ်။
ဒေါင်းလူပျို သံချိုမြွက်တော့
အားတက်ခဲ့တယ်။
အိုးဝေသံ နားဝင်အေးရယ်ကြောင့်
ခရီးနှင် ဆက်ပါသေးသော်လဲ
ဝေးလှလို့ ယောင်လယ်လယ်
အားငယ်မိ ပြန်တုန်း။
ရွှေချိုးဖြူ
ငြိမ့်လေး ချိုအောင်ကူပါ့
အားငယ်သူ သင့်သံကြားပါမှ
အားဝင်ကာ မာန်အင်သစ်မည်မို့
ကြင်ချစ်ဖွယ် သင့်သံအေးရယ်နဲ့
ကြွေးလိုက်ပါအုံး။
ငွေတာရီ (၁၉၂၅-၅၈)
Posted by Tesla at 2:31 PM |
Wednesday, August 13, 2008
:-)
သြဂတ်စ် ၁၃ အနုတ် ဇွန် ၂၃ ဆိုတော့ ပို့စ်မတင်တာ တော်တော် တောင် ကြာသွားပေါ့..။ အဲ အဲ သိပါတယ် … လာလည်တဲ့ သူတွေ ကို အားနာဦးလို့ ပြောမဲ့ စကားတွေကို လည်း ခဏခဏ ကြားမိပါတယ် … အသစ်ရောက်ဘူးတဲ့ လူတွေကလည်း အိုး မိုင် ဘလော့ ရေးတဲ့ကောင်က သူ့ဟာသူ စိတ်ကူးပေါက်ရင် ရေးတယ် မပေါက်ရင် မရေးဘူး သူ့စိတ်ကြိုက်ကြီးပဲ.. လာလည်တဲ့သူတွေကို နည်းနည်းမှ အလေးအနက်မထားဘူး. မရေးသေးရင်လည်း. မရေးသေးဘူး ပြောထားပါလား… စာလေးတကြောင်း နှစ်ကြောင်းလောက် ရေးရယုံလေးကို.. လာတဲ့သူတွေကို လေးစားမှုတို့ အားနာမှုတို့ လောက်တော့ ပြသင့်တာပေါ့ … တို့ ဘာတို့ ပေါ့လေ.. အဲ့လို စဉ်းစားကြမယ် ဆိုတာ သဘောပေါက်ပါတယ်.။ အမှန်ကတော့ ဒီလိုပါ.. အဟမ်း. အဟမ်း. ဟိုး.. အပေါ်က အိုး မိုင် ဘလော့ ၏ ပါဝင် ပစ္စည်း များ ကို ဖတ်ကြည့်လိုက်ရင် ရာခိုင်နှုန်း အများ ဆုံး ပါဝင်တဲ့ အတ္တ ဆိုတဲ့ ခံစားချက်ကို လက်တွေ့ခံစား လို့ ရအောင် ကျနော့်မှာ စာတွေတင်ချင်သော်လည်း အောင့်အီး ပြီး မရေးပဲ.. လက်တွေ့ သရုပ်ပြသနေ ရခြင်း ဖြစ်ပါတယ်..။ သေချာတယ်မလား ဒီကြားထဲ တစ်ခေါက်ထက်ပိုပြီး ရောက်လာတဲ့ သူတွေဟာ တက်စလာ ဆိုတဲ့ကောင် တော်တော် ဆိုးတယ် သူလုပ်ချင်တာပဲ သူလုပ်တယ် လာလည်တဲ့ လူကို အရူးဖြစ်ရော ဘာမှလည်း မရေးဘူး မရေးသေး ကြောင်းလည်း မပြောဘူး အတ္တတော်တော် ကြီးတယ် ဆိုတဲ့ ခံစားချက် ကလေးကို ရသွားကြတယ် မလား.. ဟဲ ဟဲ အဓိက. က အဲ့ဒီပါဝင်ပစ္စည်းလေးကို သရုပ်ပြချင်လို့.. ရေးချင်ရက် နဲ့ အောင့်အည်း နေရတာပါ.. ရင်းနှီးခဲ့ရတာတွေပါ.. သနားစရာပါ...။ (အမ်.. ဒါဆိုလည်း လူလည်ကြခြင်း ဆိုပြီး ဆယ်ရာခိုင်နှုန်း လောက် အဲ့ဒီပါဝင်ပစ္စည်းတွေ ထဲ မှာ ထပ်ထည့်လိုက်ပါလား…..) လို့ မစွပ်စွဲပါနဲ့.. အဲ့ဒါ အမှန်ကန်တွေ. စေတနာတွေပါဗျာ.. စေတနာဆိုတာ စော်ကား ကောင်းဘူးနော် ဟင်း ဟင်း...။
ဘလော့မရေးရတာကြာ ဘလော့ကလူတွေနဲ့လည်း မတွေ့ရတာကြာတော့ မသိမသာ အနယ်ထိုင်နေတဲ့ စိတ်တစ်ခု ကို ဂရုစိုက်မိတယ်..။ နာမည်တွေကိုပါ.။ တရက် ဖုံး လာတော့.. ဟေး ကိုတက်ကြီး ခင်ဗျားဘယ်ပြေးမလည်း ဆိုတဲ့ ဘလာဂေါက် အသံလည်းကြားရော ကိုတက်ဆိုတဲ့ နာမည်ကို စ ဂရုစိုက်လိုက်မိတာ.။ တက်စလာ ဆိုရင် တော်သေးရဲ့ အခုတော့ ဟို အဘိုးကြီး သိပ္ပံပညာရှင်ကြီး Nicola Tesla က မျက်စိထဲဝင်လာပြီး ရီချင်သွားမိတယ်။ နဂိုထဲက ကိုတက်စ် တို့ ကိုတက်စလာတို့ ဘာတို့ အဲ့လို အပြင်မှာ ခေါ်ခံရရင် အသည်းယားနေကြ.။ အဲ. နောက်တော့ မောင်ဂေါက် ဆိုတဲ့ နာမည်တွေ တစ်ခြားနာမည်တွေကို စဉ်းစားမိပြီး တယောက်တည်း ကြိတ် သဘောကြနေမိတာ.။ ဟော့.. ကျနော်တို့ ကလေး ဘ၀က ဖတ်တဲ့ ကာတွန်းထဲက ဦးထုတ်ရွဲ့စောင်း ဆောင်းထားတဲ့ ချာတိတ်ကလေးကို ကျနော်တို့က မဂျစ်တူးတဲ့. ခွိ..။ နာမည်လည်း မဟုတ် ဘာလည်းမဟုတ် တဲ့ ဘာညာဘာညာ ဆိုတာကြီးကိုလည်း ဟဲ့.. ဘာညာဘာညာ တဲ့..။ သေတ္တာကြီး နာမည်မှန်း သိရက်နဲ့ ဒေါ်တို့ မတို့ တပ်ပြီး ခေါ်ရတဲ့ မပန်ဒိုရာ ဆိုတာကလည်း ရှိသေး။ အဲ နာမည်လို့ ပြောဘို့ခက်တဲ့ ကိုမျက်လုံးတို့ ကိုပုထုဇဉ်တို့ ကိုနတ္ထိ တို့ ကိုဥပက္ခာတို့ ကိုကဒေါင်းညင်သာတို့ ကိုဘ၀ခရီး တို့ ကိုမီထရိုတို့ စသည်ဖြင့်ပေါ့လေ. သေချာတွေးကြည့်တော့ ဂွတီးဂွကျနဲ့ ပြုံးချင်စရာဗျ..။
တော်သေးတာပေါ့ဗျာ သူ့ကို ကျနော့်ဘ၀မှာ အရမ်းကို လေးစားလွန်းလို့ပါ ဆိုပြီး ဗုဒ္ဓ လို့ နာမည်ပေးထားတဲ့လူ မရှိတာကိုပဲ ကျေးဇူးတင်ရဦးမယ်.. နို့မို့ဆို ဗျို့ ကိုဗုဒ္ဓ လို့ခေါ်ရင် သူပဲ ငရဲကြီးမှာလိုလို ကိုယ်ပဲ ငရဲကြီးရမှာလိုလို ဖြစ်နေဦးမယ်.။
တစ်ချို့ကလည်း နဂိုကတည်းကကို လှတပတ နာမည်လေး တွေ ရွေးတတ်ပါရဲ့.. ဘာတဲ့. အိမ့် ချမ်း မြေ့ . တို့ ဘာတို့ ဆိုပဲ . အမယ်.။
ကဲ ကိုယ်လည်း ဘေးလူနေရာက ခံစားလို့ ရသွားအောင် ကျနော်တို့ နာမည်တွေနဲ့ ရည်မှန်းချက်တူ ပုံသဏ္ဏာန် တူ သော်လည်း မရင်းနှီးသေးတဲ့ နာမည် မျိုး ပြောင်းပေးထားတဲ့ ဘလော့ဂါ ဘီယာ ၀ိုင်း တစ်ခု ဆိုကြပါစို့..
စပြီဗျာ.. ကုန်းဘောင်ခေတ်ရဲ့ မြန်မာသံ ပီပီသသကြီးနဲ့ အင်္ဂလိပ်လိုပြောလိုက်သော ဗိုလ်ဝ၏ ချီးယား ဆိုသော အသံကြီး၏နောက် ညင်ညင်သာသာ အသားကုန် ၀ိုင်းတိုက်ကြသော ချွှမ် ချလမ် ၀ုန်း ဒိုင်း . . . စော်ကြည် အကြွေးကြေ အလုပ်မလုပ်ပဲ ချမ်းသာပါစေ.. တဲ့ ( ဘေးဝိုင်းမှ လူများကလည်း အချိုးမပြေတဲ့ ဆုတောင်းသံ ကြားတာနဲ့တင် သောက်မြင်ကတ် လာသောကြောင့် စတင်၍ ဂရုစိုက်မိပြီး သကာလ…) . ဟဲ့ သာရကာနေကြာကွာစေ့ စွတ်မမှာနဲ့နော် ဘတ်ဂျက်ဘယ်လောက်ပဲ ရှိတာလည်း သတိရဦး. ( ဘာနာမည်ကြီးလည်းဟ .. ဒီလိုနာမည် မျိုး အမေမွေးကတည်းက မကြားဘူးပေါင်)
ပွဲအစဆိုတော့ တိုးတိုး တိုးတိုးနှင့် ပေါ့လေ ပြောကြ .. မဂျက်ဂလောက် က ဟိုကိစ္စအတွက်… .. ဘယ်လို ဘယ်လို .. လေဘေးကလူတွေ လှူဘို့တဲ့ မဟိုလီကပ်ပ် ကလည်း ဒီလို.. ဒီလို.. မောင်နီနို ကလည်း ပြောတယ်..... ဂဏန်းက ဒီနေ့မအားလို့တဲ့… ကိုမုဒိတာ နဲ့ ဟိုနေ့က တွေ့ကြသေးတာ… အဲ့ဒီလူ ကျနော်သိတာပေါ့ဗျာ ငါးစီးရှင်ကျော်စွာလေ… (အမ်.. ဘယ်လိုလူမျိုး တွေလည်းမသိဘူး စပိုင်တွေလား ဘာတွေလည်း အဆန်းတွေ) ဟဲ့ သာရကာနေကြာကွာစေ့. အလင်္ကာမီမီ ဆီ ဖုံးဆက်ပါဦးဟဲ့.. ဘယ်သဝေထိုးနေလည်း လို့ မေးလိုက်.. (အမယ် သူတို့ထဲမှာ မော်ဒယ်ဂဲတွေလည်း ပါသား).. အဲ့လိုနဲ့ ဘေးနားကလူ၏ မသိမသာ ဂရုစိုက်ခံရမှုကို အပြည့်အ၀ ရရှိပြီးနောက်.. ဘီယာများအားလည်း ဘတ်ဂျက်အလွန် သို့ရောက်အောင် သောက်ပြီးသကာလ.. ကြီးကျိုးကြီးနာ များအား တယောက်နှင့် တစ်ယောက် အလွန် ဟောင်ဖွာစွာဖြင့် စတင် တိုက်ခိုက်ကြတော့သည်… ဟေ့ ဒဂါဖောက် ခင်ဗျားနဲ့ ကိုဦးနှောက်နဲ့ ဟိုနေ့က ဘယ် သွားကြတာတုန်း မှန်မှန်ပြော.. ( ဒဂါဖောက် တဲ့ နောက်တယောက်က ဦးနှောက်တဲ့ တိုင်းရင်းသားတွေလား နိုင်ငံခြားသားတွေလား ဂြိုလ်သားတွေလား ဒါမှမဟုတ် စိတ္တဇဆေးရုံသူ ဆေးရုံသားတွေလား.. မူးလို့ပြောတာများလား.. လား .. လား.. ) ဗိုလ်ဝက လပွတ်တာမှာ ဒီလို ဒီလို…. (ဟိုက်.. ဗိုလ်ဝတဲ့.. ဗိုလ်ကြီးတွေလား.. မဟုတ်မှလွဲရော တောပုန်းတွေများလား..)
လူသူတော် ရာ ပွင့်ပွင့်လင်းလင်း ၀န်ခံလိုက်စမ်းဘာ.. (ကျွှတ်.. ဘီယာခွက်ကြီးကိုင် ထားတဲ့ကောင်ကများ လူသူတော်တဲ့ အံ့ပါရဲ့)
ဒီလိုဗျ.. ကိုအိုင်းစတိုင်းရ… (ဟော့ဗျာ… ဒီလူတွေ ထရိုက်လိုက်ရ မကောင်းရှိတော့မယ်)
(ကျနော်တို့စဉ်းစားချင်တာလည်းရှိ မစဉ်းစားချင်တာလည်းရှိ သို့သော် ကျနော်တို့ ဦးနှောက်တွေကိုတော့ ဖြတ်လတ်လန်းဆန်း နေဘို့ လိုတယ်မလား ဆိုတဲ့ ဦးနှောက် အဖြစ် ကိုမျက်လုံး.။ မီးကတော့ ဘာရယ် ဟုတ်ပါဘူး ဟိုဟိုဒီဒီပေါ့နော် အဲ့လိုလေးတွေ ရေးချင်လို့ ဆိုတဲ့ သာရကာ နေကြာကွာစိ အဖြစ် ဘာညာဘာညာ.။ ကျုပ်ကတော့ အဲ့ဒီသိပ္ပံပညာရှင် ကြီးကို လေးစားလွန်းလို့ ဒီနာမည်ကြီး မည့်တာဗျာ ဆိုတဲ့ ကိုအိုင်းစတိုင်း အဖြစ် တက်စလာ..။ ရှင်းရှင်းလေးပါ ဘလောက်ဂါ. ဘလာဂေါက် . ဒဂေါက်ဖာ ဆိုရင်တော့ ဒဂါဖောက် ပေါ့ အဖြစ် မောင်ဂေါက်..။ လှလှပပ မော်ဒယ်ဆန်ဆန်ပေါ့နော် အဲ့လိုလေးပေးလိုက်တာလေလို့ ဆိုတဲ့ အလင်္ကာမီမီ အဖြစ် မယ်လိုဒီမောင်မောင်.။ ဘာရည်ရွယ်ချက် နဲ့ ပေးထားလည်းတော့ သိဘူး ထားပါတော့ လူသူတော် အဖြစ် ဖိုးသူတော်..။ သူများတွေ စိတ်ထင်တိုင်း ကြဲနေချိန်မှာ အမေပေးတဲ့ နာမည်အရင်းကြီးနဲ့ ၀င်လာတာ ကြောင်တောင်တောင်ကြီးဗျာ နော့.. ဗိုလ်ဝ အဖြစ် စိုးဇေယျထွန်း- မှတ်ချက် သူ့ကိုယ်သူ နာမည်မပေးတတ်လို့ ကျန်တဲ့သူတွေ ၀ိုင်းပေးထားရတဲ့ တကယ်ခေါ်တဲ့နာမည်.။ ကျန်တဲ့သူတွေကတော့ ကိုယ့်နာမည် ကိုယ်သိကြမှာပါ.။) ;)
အဲ့လိုပါ အခုရေးတဲ့ နာမည်တွေက ပြောင်ရှော်ရှော် နောက်တောက်တောက် နဲ့ လို့ ကျနော်တို့ ခံစားမိသလို တကယ် ခေါ်နေတဲ့ ကိုမျက်လုံး တို့ ကိုတက်စလာတို့ ဘာညာဘာညာ တို့ ဆိုတဲ့ နာမည်တွေက မရင်းနီးသေးတဲ့ ဘေးလူတစ်ယောက် အတွက်တော့ ပြောင်ရှော်ရှော် နောက်တောက်တောက် ကြီးပါပဲ..။ အော်.. တစ်ခါတစ်ခါကြတော့လည်း ဘလော့ဂါ စကားဝိုင်း ဘေးနားက လူတွေကိုတော့ အားနာမိကြောင်းပါ..။
မနှစ်က ဆီမီနာမှာတောင် ပရယ်ဇယ်တာပင့်ကူ က အခု ပြောမယ့်သူဟာ ဘာညာဘာညာ ဖြစ်ပါတယ်ရှင် လို့ ကြေငြာ လိုက်တော့ လူတွေ ကြောင်တောင်တောင် နဲ့ ဖြစ်သွားပြီးမှ ထရီကြတာကို မှတ်မိသေးတာ..။
စိတ်ထဲပေါ်လာတိုင်း ထင်ရာမြင်ရာ လုပ်ခဲ့တဲ့ ကိစ္စတွေ ကြာလာတော့လည်း အသားကျသွား ပုံ များပြောပါတယ်.. ။
ကဲ ပေါရဲလိုက်တာဟယ် ပဲ ပြောပြော အရှက်နည်းတာတော် လို့ပဲဆိုဆို စိတ်ကူးတွေကို လက်ရဲဇက်ရဲ အကောင်အထည် ဖော်ရဲ တယ် လို့ စဉ်းစားချင် စဉ်းစား.. ဘာပဲပြောပြောလေ အခု ကျနော်တို့ အားလုံး အဲ့ဒီနာမည်တွေနဲ့ အသားကျကြပါတယ်..။
အားလုံးပဲ သူများကို မထိခိုက်တဲ့ စိတ်ထင်ရာတွေလုပ်ပြီး ဘ၀အမောတွေ ကို ပြေလျော့နိုင်ကြပါစေ..။
မေတ္တာဖြင့်
ဆာအိုင်းစက်နယူတန်
(အဲလေ ဟုတ်ပါဘူး) တက်စလာ :)
Posted by Tesla at 6:29 PM |
Tuesday, June 24, 2008
Diary In Chaos
တရံတခါက ဖြစ်သည်။ ရေလှိုင်းတို့သည် လရောင်နှင့်အတူ ရွှင်မြူးစွာ ဆော့ကစား၏။ ခန္ဓာကိုယ်ကို စီးချက်ကျ ရွေ့လျားကခုန်နေသော လှိုင်း တို့အကြား ရေနေသတ္တ၀ါတို့ သည်လည်း မြူးတူးပျော်ပါးကြ၏။ ရုတ်တရက် ကာရံများမှ ရုံးထွက်ဖောက်ပြန်သော လရောင်၏ သွေ့ဆောင်မှုကြောင့် အရိုင်းအစိုင်း လှိုင်းတို့ ၏ ကကွက်တဆစ်ချိုး အား မိစ္စာနတ်ဆိုးတို့က တရွှီရွှီမြည်အောင် အားပေးအားမြောက် လက်ခေါက်မှုတ်ကြ၏။ လောကတရား ဆိုသည့်ကောင်ကြီးသည် ခန့်ခန့် ထည်ထည်ကြီးနှင့် ခပ်တည်တည် ထိုင်နေ၏။ ထို့ထက်အံသြောစရာကောင်းသည်မှာ အော်ဟစ်ညည်းညူသံများကို ဂီတအဖြစ် အရသာခံ နားထောင်၏။ ထိုအသံများဖြင့် အလျော်အစား ရောင်းဝယ်ဖောက်ကား ကြသူများလည်း ရှိ၏။ ထိုဂီတသည် အတုဖြစ်၏။ ရောင်းဝယ်မှုများသည် လည်းအတုဖြစ်၏။ အသံများက မူ အစစ် ဖြစ်၏။ ထိုအသံလှိုင်းများအား ကျဲပါးသွားအောင် ခုတ်ထွင်ရှင်းလင်းနေသော လက်များသည် အစစ်ဖြစ်၏။ အတုနှင့်အစစ် ခွဲခြားပြနေသည့် အသံများသည် ထိုလက်များကို နှေးကွေးစေ၏။ ခုတ်ထွင်ရှင်းလင်းခြင်း ဖြင့် တခြားသော အသံလှိုင်းများအား ထိခိုက်သောအခါ ဆတ်ဆတ်ခါ နာကျင်သွားကြသူများအား လက်ခုပ်တီးခဲ့ကြသော နတ်ဆိုးတို့က ပူဇော်ပသ ဆရာတင်ကြ၏။ ထိုအသံတို့သည် ကျွှတ် ကျွှတ် ဟူသော စီးချက်ဖြင့် ပြင်းထန်သော ဝေဒနာခံစားချက် ကိုလည်း ခေါ်ဆောင်လာ၏။ မည်သူက မည်သူ့ကို မည်သည့် အတွက်ကြောင့် မည်ကဲ့သို့လုပ်ရကြောင်း တွေးတောမှုအား မည်သည့်နေရာ တွင် မည်ကဲ့သို့ ရပ်လိုက်ရပါမည်နည်း။ မည်းမည်းမြင်ရာ ပြစ်ခြင်းနှင့် ထိုမည်းမည်းကို မြင်အောင်လိုက်ရှာ ကြခြင်းသည် အမှန်ကန်ဆုံး နည်းလမ်းဟု ထင်ကြသူများလည်းရှိ၏။ အိမ်ထောင်သားမွေးခဲ့သော ပြစ်မှုကြောင့် လူအများအတွက်လိုအပ်နေသော နေရာတစ်ခုနှင့်မထိုက် ဟုယူဆကြေး ဆိုလျှင် သိဒ္ဓထ္တ မင်းသား သည်လည်း ဘုရားဖြစ်ထိုက် မဖြစ်ထိုက် စဉ်းစားစရာရှိ၏။ အပြစ်ကင်းစင်နေသော လူသားဆိုသည်မှာ.. (တော်ပါပြီ) ထိုသူတို့သည် လော့ဂျစ် ဆန်ကြ၏။ လော့ဂျစ်ဆန် ခြင်းသည် သာလျှင် မေတ္တာတရား မထားနိုင်သော လူသားစုတို့ အတွက် (ခပ်ပိန်းပိန်း လူများအတွက်) အကောင်းဆုံးတရား ဖြစ်မည် ထင်၏။ သို့သော် ထိုသီအိုရီအား နက်ရှိုင်းစွာ လည်ပတ်စေရန်အတွက် ဖြန့်ထွက်တွေးတောသင့်သော အသိဥာဏ်မျိုး ရှိသင့်၏။ မမြင်ရသော အကြောင်းကြောင့် မမြင်ရသော အကျိုးများ များစွာ ဖြစ်လာနိုင်သည်ကို သိရန်အတွက် မမြင်နိုင်သေးသည့် အသိဥာဏ်မျိုး ရှိသင့်လှ၏။ ကြာ၏။
ပေါ်တင်တွေးရလျှင်မူ အရေအချင်းမရှိ ရေမြေ့တက်နင်း ထားသော ပြည့်ရှင်မင်း ဆိုသူအပေါင်းအားလည်း မကျေနပ် (ဘယ်လမ်းတိုး အဲ. သွားနေလည်း နားမလည်)။ ဘာဖြစ်ချင်နေမှန်းလည်းမသိ ရပ်ကြော် ရွာစော် မစဉ်းစားမဆင်ခြင်ပဲ လူကိုပါစော်သော မီဒီယာကျော်တချို့အား လည်း ကြည့်မရ (ဥာဏ်မမှီပါ)။ မုန့်လုံးစက္ကူကပ်နေကြသော လက်ရှိ ဘလော့လောကအဖြစ်အပျက်များ နှင့် ၀င်ဆဲ ၀င်ဆွဲ ၀င်ဟဲ ကြသော ဆရာ့ဆရာတို့၏ ဆွမ်းကြီးလောင်းပွဲ ကြီးများအားလည်း စိတ်ပျက် (လိုက်မမှီ)။ ထို့ထက်.. လုံး.. ၀… သုံးစား လို့ မရသေးသော ကြည့်မှန်ထဲမှ အကောင်အားလည်း စောင့်ကန်ချင်.. ထိုအချိန်တွင် လောကပါလတရားသည်လည်း ကျွှန်ုပ်၏ မျက်စိထဲ၌ အချိုးမပြေ ထောင့်မကျိုးစွာ ကပြ အသုံးတော်ခံလျက်ပင် ရှိနေသေး၏။
ရှည်လျား နက်မှောင်သော လွင်ပြင်ကျယ် သည် အင်မတန် မြန်လှပါသည်ဟု ဆိုသော စိတ်ဟူသော အရာအား ရုံးထွက်ခြင်း မရှိနိုင်အောင် ဖမ်းဆီးချုပ်နှောင်ထား၏။ ထိုအခါ စိတ်တို့သည် လေဖြစ်၏။ ဦးတည်ရာမဲ့ ပြေးလွှား၏။ ကစဥ့်ကလျားရှိလှ၏။ စွဲမက်ရှိုက်ဖို စရာကောင်းတုန်း အချိန်မှာပင် ဟိုက်ကနဲ ပြုတ်ကျကြ၏။
ထိုစိတ်များသည် ရေကဲ့သို့ ကျင့်ကြံသောအခါ အထက်မှ အောက်သို့ စီးဆင်း၏ တဖန် အောက်မှ အထက်သို့ ပြန်စီး၏ တနေရာထဲတွင် ငြိမ်ဝပ်စွာမနေတတ် ပဲ ထွက်ပေါက်ကိုသာ အပူတပြင်း ရှာ၏။ စီးဆင်းစရာ ထွက်ပေါက်များ ကုန်ခန်းသွားလျှင် အတွင်းထဲတွင်ပင် ဝေဒနာအဆောက်အဦး တခုအား ဖန်တီးတည်ဆောက်ကြ၏။ ထိုအဆောက်အဦးသည် ကဗျာများဖြစ်ကုန်ကြ၏။ သို့သော် ပျော့အိပျင်းတွဲ့နေသော ကဗျာ ၀ိဥာဉ်များ သည် ခိုင်မာသော အဆောက်အဦးအား မတည်ဆောက်နိုင်သောအခါ ထိုအဆောက်အဦးသည် ဝေ့၀ိုက် ယိမ်းထိုးကာ ဖြစ်ချင်သလို ဖြစ်နေသောကြောင့် (ဘာတွေမှန်းမသိသောကြောင့်) အထက်ပါစာတို့အား ကစဉ့်ကလျား ဒိုင်ယာရီများ ဟူ၍သာ မှတ်တမ်းတင်ထားခဲ့ လိုက်ရပါတော့သည်။
Tesla
Posted by Tesla at 2:14 PM |
Monday, June 02, 2008
Let's Go Back
Posted by Tesla at 2:49 PM |
Saturday, April 26, 2008
Duty
ပြိုပျက်တော့မည်မှန်း သိရက်နဲ့ မြို့တော်ကြီး အား ဒီအတိုင်းပဲ ထိုင်ကြည့်နေမလား..။
လေမုန်တိုင်းဒါဏ်က တတပ်တအား ကာကွယ်ရန် ခဏလေး မတ်တတ်ရပ်ဘို့
အချိန်မပေး နိုင်တော့ဘူးလား..။
ထို ကျိန်စာသင့်တော့မည့် မြို့တော်သည် ခင်ဗျားတို့ ကျနော်တို့ အားလုံးရဲ့ မြို့တော်ဖြစ်ပါသည်..။
Tesla
Posted by Tesla at 8:35 AM |
Wednesday, March 19, 2008
PhotoDiary ( II )
ဟိုး.. ရှေးရှေးမတုန်းတုန်းက နေတက်တဲ့မြို့ကြီး ရဲ့ အိုင်တီရှိုးပွဲတစ်ခုပေါ့ကွယ်.. တောသားမြို့ရောက် မြို့ရောက်နောက်ကျ လူ့သောက်ဂွ.. ဆိုသလို.. ယောင်လည်လည်နဲ့ ရောက်သွားခဲ့တယ်.. (အဖြူကတမျိုး အနီကတမျိုး.. အဟွတ်.. )
အရောင်အသွေးတွေဆုံတဲ့ လိပ်ပြာလေးတွေတွေ့တော့ ငန်းမိ.. အဲလေ. ငေးမိသည်ပေါ့.. ( စိတ်ကြီးပုံက ဒီလိုတဲ့ ) စိတ်မှာထကြွ လို့ သိက္ခါကျရင် ကျပါစေတော့ဆိုပြီး မှန်ဘီလူး တွေနဲ့ ရိုက်နေတဲ့ လူတွေကြားထဲမှာ.. မျက်နှာပြောင်တိုက်ပြီး.. ဖုံးကင်မရာလေးနဲ ရိုက်မိပါတယ်…(လှည့်ကိုမကြည့်တာဗျာ) မှန်ဘီလူးကြီးတွေကို ပဲ ကြည့်ပြီး လိပ်ပြာလေးတွေက ပြုံးပြုံးပြကြသတဲ့..
( တောက်.. ဟိုလူ့လက်ထဲက အယ်လဖာ. ဘာ. ဆိုလည်း မသိဘူး.. အဲ့ဒါကြီးကို ဇွန်းတပ်ပြီး ချိန်ချက်နဲ့တင် လိပ်ပြာလေးတွေ လွင့်ထွက် သွားအောင် ရိုက်ပြစ်လိုက်ချင်တာ.. ဟင်း. ) အဲ့လိုနဲ့ .. တင်းသွားပြီး .. ဟဲ့ အယ်လဖာကောင် နင်က ဘယ်လောက်တန်လို့လည်း ဆိုပြီး သွားကြည့်သောအခါ (ဟိုက် .. မွေးကတည်းက ရှာခဲ့ဘူးတဲ့ ပိုက်ဆံအားလုံး ပေါင်းရင်တောင် မှီနိုင်မယ် မထင်ဘူး.. ဟူး) ကဲ.. မဖြစ်ခြေဘူး ရသေ့စိတ်ဖြေ ဆိုပြီး အပေါ်ထပ်က မျက်နှာငယ်လေးနဲ့ ဘယ်သူမှ မသုံးတော့တဲ့ ဖူဂျီဘွားဘွား ကို မျက်စိမှိတ်ပြ စိတ်ကိုလုံးလုံးချပြီး ပေါင်းကြသင်းကြ ဘို့ ပြောပြ.. အဲ့လိုနဲ့ပဲ အရဲစွန့် ၀ယ်လိုက်ရ တော့တယ်.. အဲ.. ဖူဂျီဘွားဘွားက လူရာတော့ နည်းနည်းဝင်သား.. ဟော့.. ကြည့်တယ်.. ကြည့်တယ်.. အမြန်ရိုက်လိုက်တယ်..
Tesla
Posted by Tesla at 8:25 AM |
Tuesday, March 18, 2008
PhotoDiary ( I )
ကြီးမြတ်လေသော သမိုင်းကြောင်းများ..
သူရဲကောင်းတို့ရဲ့ လှံရာဓါးချက်များ...
မြန်မာဟေ့လို့ ဟစ် ကြွေး ခဲ့ ဘူး တဲ့ အားမာန်များ….
ဖူး……………..။
Posted by Tesla at 9:10 AM |
Tuesday, March 11, 2008
Concrete Poem
.....
.....
.....
.....
.....
Graniph
မှာ T-Shirt Design လေးတွေအတွက် ပြိုင်ပွဲဝင်ဘို့ အကြမ်းလုပ်ထားတာတွေပါ.. တေးရေးဆရာ ကိုမြင့်မိုးအောင်ရဲ့ ဟိုးတုန်းက အိုင်ဒီယာ လေးတွေကို ဆွဲထားခြင်း ဖြစ်ပါတယ်။ အကြံဥာဏ်ပေးလို့ ရအောင် တင်ထားလိုက်တယ်.. ဒီဘလော့ထဲက စာတွေ ပုံတွေဟာ ဘယ်တစ်ခုမှ ဘယ်နေရာမှာမှ ကော်ပီမရိုက်ခဲ့ပေမဲ့.. ဒီပုံလေးတွေ အတွက်ကတော့ ကော်ပီတွေ ရိုက်လိုက်ပါတယ်… :)
Tesla
Posted by Tesla at 7:56 AM |
Friday, March 07, 2008
Free From Two Dimension..
ဒေါက် ဂလောက် ဂလောက်
…
အံစာတုန်း တခုရဲ့ အမိန့်ကို နာခံအပြီးမှာ
အကွက်သစ်တခုကို သူရွေ့ခွင့်ရခဲ့တယ်..။
ရွှေရောင် တဖြတ်ဖြတ် ငွေရောင်တလက်လက်
တောက်ပပြိုးပြက် နေတဲ့ အတုန်းလေးတွေကြားထဲမှာ
မွဲညစ်နေတဲ့ ကြယ်သီးစုပ် တစ်လုံးအဖြစ် ကစားပွဲထဲမှာ ပါဝင်ခဲ့ရတယ်။
ရင်တထိတ်ထိတ်နဲ့
ရွေ့နေခြင်းသက်သက်ဟာ သူ့ရဲ့ဘ၀ ဖြစ်လာတဲ့အခါ
တခါတရံမှာတော့လည်း အေးချမ်းသက်သာစွာနဲ့.။
တချို့လှေခါးလေး တွေ ထောင်တားတဲ့ အကွက်တွေမှာ
ပျော်ရွှင်စွာ နဲ့တက်ခွင့်ရပေမဲ့.
လှေခါးထစ်ကို နင်းချေလိုက်ပြီးမှသာ
အပေါ် ရောက်နိုင်မှာ ကိုသတိထားမိတဲ့အခါ
တုန်တုန်လှုပ်လှုပ် လည်း ဖြစ်ဘူးခဲ့တယ်။
ချောတိုက်ချရမဲ့ အကွက်ကြတော့
ရင်တဟိုက်ဟိုက်နဲ့
သူ. ပျော်ပါတယ်..
အဲ့ဒါဟာ ဘ၀ပေါ့တဲ့..။
ဒီလိုနဲ့..
အံစာတုန်းရဲ့ ရက်စက်တဲ့ ကျကွက်တစ်ခုမှာ
ကစားပွဲထဲမှာ ရှိတဲ့ အရှည်ဆုံး မြွှေတစ်ကောင်ဟာ
သူ့ကို တဖြစ်ဖြစ်မြည်အောင် ၀ါးမြို ပြစ်လိုက်တယ်..။
ကျောခုံးပေါ်မှာ ထမ်းပိုးသွားချင်နေတဲ့
တခြားဝန်ဆည်စလွယ်များအသာထား..
အခု. သူ့ရဲ့ အဆင့်တစ်မှာ တင် ပတ်ချာလည် နေပြန်တယ်..။
စထွက် အကွက်က ပြန်ဖြတ်ဖို့ ဘယ်လိုအင်အားမျိုး
သူမွေးသင့်သလည်း လို့စဉ်းစားတယ်..။
အံစာတုန်းခွက်ကို သူ့လက်နဲ့ ကိုင်ဆုပ်ပြီး
မှောက်ချနိုင်တဲ့ အခွင့်ရေးရတဲ့အခါ..
အံစားတုန်းတွေကို ကိုယ်လိုချင်တဲ့ ဂဏန်း
ကျစေဘို့ စွမ်းအားရှိတဲ့အခါ..
ဒါမှမဟုတ်..
အဲ့ဒီကစားပွဲအကွက်ထဲမှာ မပါသေးတဲ့
မီးပုံပျံ အရုပ် တစ်ခုကို..
ကိုယ်တိုင်ရေးဆွဲ လိုက်ပါသွားပြီး..
အံစာတုန်းရဲ့ အမိန့်နာခံမှုတွေအောက်က လွတ်မြောက်တဲ့အခါ…။
Tesla
Posted by Tesla at 10:37 AM |
Wednesday, February 20, 2008
OneDay...
အင်အားပြင်းထန်လွန်းတဲ့ ဒီရေလှိုင်းတွေ
တိတ်တိတ်ကလေးနဲ့ ကမ်းပါးကို ရိုက်လိုက်တဲ့အခါ..။
ပါးလျပြီး မြည့်နေတဲ့ သံမဏိ ဓါးတစ်ခုနဲ့
အသံတိတ် ခွဲချလိုက်တဲ့အခါ...။
...
အမျိုးကိုသိပ်ချစ်ရင် ဒုက္ခရောက်တတ်တဲ့ စနစ်ဆိုးက
အလင်းမြစ်တစ်ခု
မောဟိုက်စွာ စီးဆင်းရသလိုမျိုး..။
...
ည. သူ့ အမြင်အာရုံဟာ မာကျောနေတဲ့
ကျောက်သားများ ထဲကနေ နက်ရှိုင်းစွာ ထိုးဖောက်နေတုန်း..
သူ့ နားထဲမှာတော့
သံလွင်တလှည့ှ်ဧရာဝတီတလှည့် စီးနေလိမ့်မယ်..။
...
စိတ်ဓါတ်ကို အကျဉ်းချဘို့
ဘယ်လိုချုပ်နှောင်မှုမျိုး ရှိခဲ့ဘူးလို့လည်း..။
...
သူတို့ရဲ့ လက်ရိုင်းတွေကြောင့် စုတ်ပြတ်မသွားစေပဲ
ပုံပန်းတကျ ကျစ်လစ်မာကျော စေဖို့ ပြုပြင် ယူခဲ့ပါလိမ့်မယ်..
ပြီးတော့. သူ ဘယ်တော့မှ လွတ်ချမှာမဟုတ်တဲ့ မြို့တော်ကြီး
အပေါ်ကနေ ဖီးနစ်ငှက်တကောင်လို ပျံဝဲလာပါလိမ့်မယ်..။
Tesla
Posted by Tesla at 12:07 PM |
Tuesday, February 12, 2008
Union Day
Picture source: : http://pyaesonelay.blogspot.com
To Listen: : Unity Is Strength
Tesla
Posted by Tesla at 11:45 AM |